တရားမဝင် ပိုင်ရှင်မဲ့ တမလန်းသစ် တန် ရဝ နောင်ချိုတွင် ဖမ်းမိ

တရားမဝင် ပိုင်ရှင်မဲ့ တမလန်းသစ် တန် ရဝ နောင်ချိုတွင် ဖမ်းမိ
ဓာတ်ပုံ-သစ်တောဦးစီးဌာန
 

ရန်ကုန်၊ စက်တင်ဘာလ ၁၈ ။         ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင်  တရားမဝင် ခုတ်ယူစုပုံထားသော ပိုင်ရှင်မဲ့တမလန်းသစ် တန်ချိန် ၇ဝ ခန့်  ဖမ်းဆီးရမိခဲ့ ကြောင်း သစ်တောဦးစီးဌာနမှ ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ တမလန်းသစ်များကို စက်တင်ဘာလ ၁၂ ရက်မှ ၁၄ ရက်အတွင်း နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ဘိနယ်၊ သပြေဒိုးကျေးရွာ မြောက်ဘက်(၁)မိုင်ခန့်အကွာ တောစပ်နေရာများတွင် စုပုံထားရာမှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီး တမလန်းသစ် ဓားရွေ ၇၁၂ တုံး၊ တန်ချိန် ၇ဝ ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိခဲ့သည့် သစ်များနှင့် ပတ်သက်ပြီး ခုတ်ယူသူများကို ဖမ်းဆီးရမိခဲ့ခြင်းမရှိသေးဘဲ လက်ရှိတွင် ဆက် စပ်ပတ်သက်သူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရန် စုံစမ်းရှာဖွေဖော်ထုတ်နေကြောင်း သိရသည်။

အလားတူ စက်တင်ဘာလ ၁၅ ရက်နေ့တွင်  တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ လေညာကြိုးပြင်၊ ခဲမိုင်း ကျေးရွာအနီး တောတွင်းနေရာ သာပန်နန်ချောင်းဘေးမှ တရားမဝင် ခုတ်ယူထားသည့် ပျဉ်းပိတောက်သစ်ခွဲသား (၂၁၉)ချောင်း (၃၂.၃၀၆၂)တန်ကို  သစ်တောဦးစီးဌာန ပူးပေါင်းအဖွဲ့မှ ဖမ်းဆီး ရမိခဲ့ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly