မော်ရင်ဟို၏ မှတ်ချက်မှာ လက်တွေ့မကျကြောင်း အဲဗာတန်နည်းပြကိုးလ်မန်း ဝေဖန်

မော်ရင်ဟို၏ မှတ်ချက်မှာ လက်တွေ့မကျကြောင်း အဲဗာတန်နည်းပြကိုးလ်မန်း ဝေဖန်

စက်တင်ဘာ ၁၈၊ အင်္ဂလန် ။            ။ မန်ယူနှင့်အဲဗာတန်တို့၏ ပွဲမတိုင်ခင် မော်ရင်ဟိုပြောဆိုခဲ့သောစကားမှာ လက်တွေ့မကျကြောင်း အဲဗာတန်နည်းပြ ရော်နယ်ကိုးလ်မန်းက   ပြန်လည်ဝေဖန်တိုက်ခိုက်လိုက်သည်။

မော်ရင်ဟိုက အဲဗာတန်အသင်းသည် အပြောင်းအရွှေ့စားရိတ် ပေါင်သန်း ၁၄၀ အသုံးပြုထားသည့်အတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရသင့်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အဲဗာတန်က မန်ယူကို လေးဂိုး၊ ဂိုးမရှိဖြင့် ရှုံးနိမ့်ပြီးနောက်တွင် ကိုးလ်မန်းက သတင်းစာရှင်းလင်းပွဲ၌ “ယူနိုက်တက်ပရိုဂရမ်မှာ မော်ရင်ဟို ပြောထားတာကိုတွေ့ပါတယ်။ ဒါက လက်တွေ့မကျဘူးဆိုတာ ဒီအခန်းထဲမှာရှိနေတဲ့လူတွေရော အပြင်ဘက်က လူတွေအားလုံးသိကြပါတယ်။ ဒါကို မှတ်ချက်မပေးကြပါနဲ့။

အမှန်တကယ်ပြောရရင် ကျွန်တော်တို့အသင်းရဲ့ ရာသီအစရလဒ်တွေအရ ကျွန်တော်မပျော်နိုင်ပါဘူး။ ဒါပေမဲ့ ဒါက အဲဗာတန်ရဲ့ လက်ရှိအမှန်တရားပါပဲ။ ဘောလုံးလောက,က ခက်ခဲပါတယ်။ ကျွန်တော်တို့အနေနဲ့ အချိန်တစ်ခုတော့ လိုအပ်ပါတယ်” ဟု ပြောဆိုခဲ့သည်။

ကိုးလ်မန်းက မော်ရင်ဟိုကို ဝေဖန်ခဲ့သည့်အပြင် မန်ယူအသင်းမှာ ၎င်းတို့ိကို လေးဂိုးပြတ်အနိုင်ရသွားသော်လည်း စွဲမက်လောက်သည့် ကစားပုံမရှိကြောင်း ဝေဖန်ပြောဆိုခဲ့သည်။

အဲဗာတန်အသင်းသည် ရွန်နီ၊ ဆီဂတ်ဆင်၊ မိုက်ကယ်ကိန်းတို့အပါအဝင် ကစားသမားသစ် ကိုးဦးကို ပေါင်သန်း ၁၄၀ အသုံးပြုပြီး ခေါ်ယူထားသော်လည်း ပရီးမီးယားလိဂ်ပွဲစဉ် ငါးပွဲအပြီးတွင် ရမှတ် ၄ မှတ်သာ ရရှိထားပြီး အဆင့် ၁၈ တွင် ရပ်တည်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly