စိုက်ပျိုးပြီး ၈လမှ ၁၀ လအကြာမှာအပင်တွေက ၆ပေခန့်မြင့်လာပြီး ဥများကို တူးဖော်ပေးရမှာပဲ ဖြစ်ပါတယ်။
အပင်အရွက်များ ဝါလာတဲ့အချိန်မှာတော့ ဥများဟာ ရင့်လာတာဖြစ်တဲ့အတွက် တူးဖော်ပေးရမှာလဲဖြစ်ပါတယ်။
စိုက်ပျိုးမြေပွရင်တော့ ဥထိုးလွယ်ပြီး ဥကြီးပြီးဥဖော်တဲ့အခါမှာလည်း လွယ်ကူပါတယ်။ ဥများကိုရောင်းချရာမှာတော့ ဥများကို ခြံပုံစနစ်နဲ့ရောင်းကြတာပါ။
ကလောပင်မှာကတော့ ထွေထွေထူးထူးကျရောက်တက်တဲ့ ရောဂါမရှိပါဘူး။
တစ်ခါတစ်ရံမှိုရောဂါကျရောက်တက်ပါတယ်။
ကလောပင်ကိုတော့ စိုက်ပျိုးတဲ့အချိန်ကနေ ဥများတူးဖော်သည်အထိ မြေသြဇာ ၃ ကြိမ် ကွျှေးရန် လိုအပ်ပါတယ်။
ဥထွက်နှုန်းကတော့ ပြုစုတဲ့အပေါ်မှာမူတည်ပြီး ဘောင်တစ်ပုံကို ၆ပိဿာ၅၀ကျပ်သား မှ ၈ပိဿာအထိ ထွက်ရှိပါတယ်။
အပိုင်း(၁) အားကြည့်နိုင်ပါသည်-http://www.mizzimaburmese.com/article/31885
အပိုင်း (၂) အားကြည့်နိုင်ပါသည်- http://mizzimaburmese.com/article/32082