မြန်မာ ယူ (၁၈)ဘောလုံးအသင်းနည်းပြ ကို စာချုပ်ဖျက်သိမ်း

မြန်မာ ယူ (၁၈)ဘောလုံးအသင်းနည်းပြ ကို စာချုပ်ဖျက်သိမ်း

ရန်ကုန် ၊ စက်တင်ဘာ ၁၈ ။                ။ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့့် အာဆီယံယူ(၁၈) ချန်ပီယံရှစ် ပြိုင်ပွဲတွင် အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသည့် ယူ ၁၈ အသင်းဘောလုံးအသင်းနည်းပြ ပြင်သစ်လူမျိုး ဘန်လာဘီနှင့် စာချုပ် ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

နည်းပြ ဘန်လာဘီနှင့် ဒီဇင်ဘာလအထိ စာချုပ်သက်တမ်းကျန်ရှိနေသေးသော်လည်း မြန်မာဘောလုံးအဖွဲ့ချုပ် MFF မှ ၂ လစာ ပေးလျော်ခဲ့ပြီး စာချုပ်ဖျက်သိမ်းခဲ့ခြင်းလည်းဖြစ်သည်။

မြန်မာယူ၁၈ အသင်းအတွက် လစ်လပ်သွားသော နည်းပြနေရာတွင် ပြည်တွင်းနည်းပြအဖွဲ့ကို ခန့်အပ်တာဝန် ပေးသွား မည်ဖြစ်ပြီး MFF မှ မကြာမီ ထုတ်ပြန်မည်ဖြစ်သည်။ ယင်းအပြင် မြန်မာ ယူ၁၈ အသင်းအနေဖြင့် အာရှ ယူ၁၉ ခြေစစ်ပွဲကိုလည်း လာမည့် နိုဝင်ဘာလ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် သွားရောက်ယှဉ်ပြိုင်ရန် ရှိနေသည်။

မြန်မာ ယူ (၁၈)အသင်းအနေဖြင့် အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် အာဆီယံ ယူ(၁၈) ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်နိုင်ခဲ့သော်လည်း မလေးရှားအသင်း ကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ကာ တတိယနေရာလုပွဲ၌ အင်ဒိုနီးရှားအသင်းကို ၇ ဂိုး ၁ ဂိုးဖြင့် မရှုမလှ ရှုံးနိမ့်ကာ စတုတ္ထနေရာသာ ရရှိခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly