တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်တို့ ပူးပေါင်းပြီး ဒုံးပျံကာကွယ်မှု စစ်ရေးလေ့ကျင့်ရန်စီစဉ်

တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်တို့ ပူးပေါင်းပြီး ဒုံးပျံကာကွယ်မှု စစ်ရေးလေ့ကျင့်ရန်စီစဉ်

 

ဆိုးလ်၊ စက်တင်ဘာ ၁၈  ။                    ။ တောင်ကိုရီးယားစစ်တပ်၊ အမေရိကန်နှင့် ဂျပန်တို့သည် မြောက်ကိုရီးယားတို့၏ ဒုံးပျံစမ်းသပ်မှုများကို ရင်ဆိုင် အံတုရန် စက်တင်ဘာလအကုန်တွင် ဒုံးပျံကာကွယ်ရေးအတွက် ပူးပေါင်းစစ်ရေးလေ့ကျင့်ရန် စီစဉ်ထားကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့သည်။

မြောက်ကိုရီးယားတို့သည် လွန်ခဲ့သောသောကြာနေ့က ဂျပန်နိုင်ငံမြောက်ပိုင်းမှဖြတ်၍ ကီလိုမီတာ ၃၇၀၀ ခန့် ပျံသန်းသွားခဲ့သော တာလတ်ပစ်ဒုံးပျံတစ်ခုကို စမ်းသပ်ခဲ့သည့်အတွက်   တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဌာနက တနင်္လာနေ့တွင် နိုင်ငံတော်အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီး ပူးပေါင်းစစ်ရေးလေ့ကျင့်သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

ပြုံယမ်းအစိုးရ၏ တိုက်ကြားများကြားပစ်လွှတ်နိုင်သော ပဲ့ထိန်းတပ်ဒုံးပျံ (ICBM) စမ်းသပ်မှုသည် နောက်ဆုံး အဆင့်သို့ ရောက်ရှိနေပြီး အောင်မြင်သွားပါက အမေရိကန်ပိုင်နက်များကို တိုက်ခိုက်နိုင်သလို လက်နက်စမ်း သပ်မှုများကို ဆက်လက်လုပ်ဆောင်ပြီး ရန်စမည့်အလားအလာများရှိနေကြောင်း အစည်းအဝေး၏ ထုတ်ပြန် ချက်ထဲ၌ ဖော်ပြထားသည်။

ဒါ့အပြင် ပင်တဂွန်စစ်ဌာနချုပ်အနေဖြင့် နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောများနှင့် တိုက်ရေယာဉ်စုများကို တောင်ကိုရီးယားရေတပ်နှင့်ပူးပေါင်းရန် လာမည့်အောက်တိုဘာလတွင်   စေလွှတ်သွား မည့်အစီအစဉ်ရှိကြောင်း ထိုထုတ်ပြန်ချက်ထဲ၌ ဖော်ပြထားသည်။

မြောက်ကိုရီးယားတို့သည် ဒုံးပျံနှင့်နျူကလီးယားလက်နက်များကို ထပ်တလဲလဲ စမ်းသပ်နေမှုကြောင့် လွန်ခဲ့ သော ဧပြီလက နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောကြီး ယူအက်စ်အက်စ်ကားလ်ဗင်ဆန်ကို ကိုရီးယားကျွန်းဆွယ်သို့ အမေရိကန်ရေတပ်က ပို့ဆောင်ကာ စစ်အင်အားပြသခဲ့ဖူးသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags