ဒေးဗစ်လုဇ်အနီကတ်ပြခံရခြင်းမှာ ဆန်းချက်ဇ်ကြောင့်ဟု ချယ်လ်ဆီးနည်းပြကွန်တီပြော

ဒေးဗစ်လုဇ်အနီကတ်ပြခံရခြင်းမှာ ဆန်းချက်ဇ်ကြောင့်ဟု ချယ်လ်ဆီးနည်းပြကွန်တီပြော

စက်တင်ဘာ ၁၈၊ လန်ဒန်။ ။ အာဆင်နယ်ကစားသမားကိုလာဆီနက်ကို အဝင်ကြမ်းသဖြင့် အနီကတ်ပြထုတ်ခံရသည့် ဒေးဗစ်လုဇ်ဘက်မှ ချယ်လ်ဆီးနည်းပြ ကွန်တီက ကာကွယ်ပြောဆိုခဲ့သည်။

ယင်းမတိုင်မီတွင် ၎င်း၏နောက်တန်းကစားသမားမှာ ဆန်းချက်ဇ်နှင့်ငြိခဲ့ခြင်းက ပြစ်ဒဏ်ကျူးလွန်အောင် လှုံ့ဆော်သကဲ့သို့ ဖြစ်စေခဲ့သည်ဟု ကွန်တီကယုံကြည်နေသည်။

“ဒိုင်ဆုံးဖြတ်ချက်အပေါ် ဘာမှမပြောချင်ပါဘူး။ ပြီးတာလည်းပြီးခဲ့ပါပြီ။ ဒါပေမဲ့တစ်ခုပြောချင်တာက ဒေးဗစ်လုဇ်ရဲ့ ဘောလုံး ဖျက်ထုတ်မှုမတိုင်ခင် ဘာဖြစ်ခဲ့သလဲဆိုတာ သိပ်အရေးကြီးတယ်ဆိုတဲ့အကြောင်းပါပဲ။

ဆန်းချက်ဇ်က ဒေးဗစ်လုဇ်ကို သေချာပေါက် ပြစ်ဒဏ်ကျူးလွန်ခဲ့တာပါ။ ဒါပေမဲ့ဒိုင်က ဆက်ကစားစေခဲ့တယ်။ တကယ်လို့ သူသာပွဲကို ရပ်လိုက်မယ်ဆိုရင် ဒီကိစ္စကဖြစ်လာမှာ မဟုတ်ပါဘူး”ဟု ကွန်တီကပြောသည်။

တနင်္ဂနွေနေ့က ဂိုးမရှိသရေကျခဲ့သောယင်းပွဲတွင် ပက်ဒရိုသည် ခြေကျင်းဝတ်ဒဏ်ရာရခဲ့ကြောင်း ကွန်တီကဆိုခဲ့ပြီး အသင်း၏ စည်းကမ်းပိုင်းတိုးတက်အောင်လုပ်ရမည်ဟုလည်း ဝန်ခံခဲ့သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags