အချင်းချင်းပြေလည်အောင်ညှိနှိုင်းကြရန် နေမာနှင့်ကာဗာနီကို အမ်မရီ သတိပေး

အချင်းချင်းပြေလည်အောင်ညှိနှိုင်းကြရန် နေမာနှင့်ကာဗာနီကို အမ်မရီ သတိပေး

စက်တင်ဘာ ၁၈၊ ပြင်သစ် ။          ။ ပင်နယ်တီနှင့်ပြစ်ဒဏ်ဘောများ ကန်သွင်းသည့် ကိစ္စရပ်နှင့်ပတ်သက်ပြီး အချင်းချင်းပြေလည်အောင်ညှိနှိုင်းကြရန် နေမာနှင့်ကာဗာနီတို့အား ပီအက်စ်ဂျီနည်းပြ အမ်မရီက တိုက်တွန်းလိုက်သည်။

ပီအက်စ်ဂျီအသင်းသည် လိုင်ယွန်အသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ပြင်သစ်လိဂ်အဖွင့်ပွဲစဉ် ၆ ပွဲဆက်တိုက် အနိုင်ရခဲ့သော်လည်း ထိုပွဲစဉ်တွင် နေမာနှင့်ကာဗာနီတို့မှာ ပင်နယ်တီနှင့်ပြစ်ဒဏ်ဘော ကန်သွင်းရန် အငြင်းပွားခဲ့ကြသည်။

ပွဲချိန် ဒုတိယပိုင်းတွင် နေမာနှင့်ကာဗာနီတို့သည် ပင်နယ်တီကန်သွင်းရန်နှင့် ပြစ်ဒဏ်ဘောကန်သွင်းရန် သဘောထားမတိုင်ဆိုင်ပဲ နေရာလုခဲ့ကြသည်။ ဖရီးကစ်ကို နေမာက ကန်သွင်းခဲ့ပြီး ပင်နယ်တီကို ကာဗာနီက ကန်သွင်းခဲ့သော်လည်း ၂ ဦးစလုံးဂိုးဝင်အောင် မသွင်းနိုင်ခဲ့ကြပေ။

အဆိုပါကိစ္စရပ်နှင့်ပတ်သက်ပြီး ပီအက်စ်ဂျီနည်းပြ အမ်မရီက “သူတို့အချင်းချင်းကြားမှာ ပြေလည်အောင် ညှိနှိုင်းကြဖို့ နေမာနဲ့ကာဗာနီကို ကျွန်တော်ပြောခဲ့ပြီးပါပြီ။ သူတို့နှစ်ယောက်စလုံးက အသင်းရဲ့အဓိကဂိုးကန်သွင်းရယူမယ့်သူတွေပါ။ သူတို့ ပြေလည်အောင်လုပ်နိုင်မယ်လို့ ထင်ပါတယ်။

သူတို့ ပြေလည်အောင် မလုပ်နိုင်ဘူးဆိုရင်တော့ ကျွန်တော်ဆုံးဖြတ်ပေးရပါလိမ့်မယ်။ ဒါက ကျွန်တော်တို့အတွက် ပြဿနာဖြစ်လာတာမျိုး မလိုချင်ပါဘူး” ဟု ပြောဆိုခဲ့သည်။

ရည်ညွှန်း အီးအက်စ်ပီအန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags