စက်တင်ဘာ ၁၈၊ ပြင်သစ် ။ ။ ဘရာဇီးတိုက်စစ်မှူးနေမာကြောင့် ပီအက်စ်ဂျီအသင်းရဲ့ အရောင်းဆိုင်တွေဟာ ယမန်နှစ်ကထက် သိသိသာသာ အရောင်းမြင့်တက်လာခဲ့ပါတယ်။ နေမာရဲ့ဂျာစီတွေဟာ ပြီးခဲ့တဲ့ ၁ လအတွင်းမှာ အထည်ပေါင်း တစ်သိန်းနှစ်သောင်းအထိ ရောင်းချခဲ့ရတာပါ။ ဒါက အသင်းအတွက် ဝင်ငွေ ပေါင် ၈ သန်းအထိ ပြန်လည်ရရှိစေခဲ့တာလည်း ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းအရောင်းဆိုင်တွေဟာ ယမန်နှစ်ဒီလိုအချိန်ကထက် ရောင်းအား ၇၅ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ သူတို့ရဲ့အရောင်းဆိုင်တွေကို နိုဝင်ဘာလအထိ ခန့်မှန်းပြီး နေမာရဲ့ဂျာစီတွေကို ဖြန့်ဝေပေးထားတာဖြစ်ပါတယ်။
အလွန်အမင်းရောင်းအားမြင့်တက်နေတာကြောင့် နိုဝင်ဘာလမတိုင်ခင်မှာ နေမာရဲ့ဂျာစီတွေ ရောင်းကုန်သွားနိုင်တာကြောင့် ပီအက်စ်ဂျီအသင်းက စိုးရိမ်မှုတွေတောင် ဖြစ်ပေါ်နေရပါတယ်။
ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၉၈ သန်းနဲ့ ဝယ်ယူထားတဲ့ နေမာဟာ လက်ရှိမှာ ပီအက်စ်ဂျီအသင်းအတွက် ၅ ဂိုးသွင်းယူပေးထားပြီး ပွဲစဉ်တိုင်းခြေစွမ်းပြလျက်ရှိနေပါတယ်။
လိုင်ယွန်ကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ နောက်ဆုံးပြင်သစ်လိဂ်ပွဲမှာလည်း နေမာက အမ်ဘတ်ပီရဲ့သွင်းဂိုးကို ဖန်တီးပေးခဲ့ပါတယ်။
ရည်ညွှန်း ဒေးလီးမေးလ်