အဲဗာတန်ပရိသတ်များကိုနောက်ပြောင်အောင်ပွဲခံခြင်းဟု လူကာကူဆို

အဲဗာတန်ပရိသတ်များကိုနောက်ပြောင်အောင်ပွဲခံခြင်းဟု လူကာကူဆို

စက်တင်ဘာ ၁၈၊ မန်ချက်စတာ။            ။ မန်ချက်စတာယူနိုက်တက်အသင်းက အဲဗာတန်အသင်းကို ၄-၀ ဂိုးဖြင့်အနိုင်ရသည့်ပွဲတွင် ဂိုးသွင်းပြီးနောက် အဲဗာတန် ပရိသတ်များဘက်နားစွင့်အောင်ပွဲခံခြင်းမှာ နောက်ပြောင်ကျီစယ်ခြင်းသာဖြစ်ကြောင်း လူကာကူကပြောသည်။

တနင်္ဂနွေနေ့က အိုးထရက်ဖို့်ဒ်တွင်ကစားသောပွဲတွင် ယူနိုက်တက်သည် ဗလင်စီယာ၏ လှပသည့်အစောပိုင်းသွင်းဂိုးအပြင် အသင်း၏သူရဲကောင်းဟောင်းရွန်နီ ၈၂ မိနစ်၌လူစားလဲခံရပြီးနောက် သုံးဂိုးထပ်သွင်းကာ ၄-၀ ဂိုးဖြင့်အနိုင်ရခဲ့သည်။

ယင်းသုံးဂိုးတွင် မစ်ခီတာယန်ဂိုးသွင်းနိုင်အောင် လူကာကူက တစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပြီး မာရှယ်က ပင်နယ်တီမှတစ်ဆင့်ဂိုးရရှိခဲ့ သည်။ ထို့နောက် ပွဲချိန် ၈၉ မိနစ်တွင် လူကာကူက သွင်းယူခဲ့သည်။ ယင်းဂိုးသွင်းပြီးအောင်ပွဲခံပုံမှာ အဲဗာတန်ပရိသတ်များ အတွက်သဘောမကျစရာဖြစ်ဖွယ်ရှိသော်လည်း ကိစ္စမရှိဟု ကစားသမားကဆိုသည်။

“အဲဒီဂိုးက နောက်တစ်ဂိုးဖြစ်ပြီး နိုင်ပွဲအတွက်ပျော်တယ်လို့ ကျွန်တော်ဆိုလိုချင်တာပါ။ ကျွန်တော် ဖရီးကစ်လွဲတုန်းက သူတို့ကနောက်ပြောင်ခဲ့လို့ ကျွန်တော်ကလည်း ပြန်နောက်ခဲ့တာပါ”ဟု လူကာကူက စကိုင်းစပို့စ်သို့ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly