Miss Myanmar International 2015 ၏ Miss People's Choice အတွက် အွန်လိုင်း မဲပေးမှု စတင်

Miss Myanmar International 2015 ၏ Miss People's Choice အတွက် အွန်လိုင်း မဲပေးမှု စတင်

Miss Myanmar International 2015 ပြိုင်ပွဲတွင် ချီးမြှင့်မည့် Miss People's Choice Award Title အတွက် ဆန်ခါတင် ပြိုင်ပွဲဝင် အလှမယ် ၂၀ ကို အွန်လိုင်းမှ မဲပေးမှု သြဂုတ် ၁၂ ရက်မှ စတင် နေပြီ ဖြစ်သည်။

Miss People's Choice Award အတွက် မိမိ အကြိုက်နှစ်သက်ဆုံး ပြိုင်ပွဲဝင် အလှမယ်များကို အွန်လိုင်းမှ စတင်မဲပေးနိုင်ပြီဖြစ်ပြီး သြဂုတ် ၂၉ ရက် ည ၁၂း၀၀ အချိန်ထိ နောက်ဆုံးထား မဲပေးနိုင် မည် ဖြစ်သည်။  

Miss Myanmar International 2015 ဖေ့ဘွတ် စာမျက်နှာတွင် Like အများဆုံး ရရှိသူသည် Miss Myanmar International 2015 နောက်ဆုံး ပြိုင်ပွဲ၌ Miss People's Choice Award Title ကို ရရှိမည် ဖြစ်သည်။

Miss Myanmar International 2015 ပြိုင်ပွဲဝင် ဆန်ခါတင် အလှမယ် အယောက် ၂၀ သည် မကွေးမြို့ရှိ ရေဘေးသင့် ပြည်သူများထံသို့ သွားရောက် လှူဒါန်းရန် သြဂုတ် ၁၃ ရက်တွင် ရန်ကုန်မြို့ မှ စတင် ထွက်ခွာသွားပြီ ဖြစ်သည်။

ဆန်ခါတင် အလှမယ်များသည် မကွေးတိုင်းမှတစ်ဆင့် ပုဂံသို့ သွားရောက်မည် ဖြစ်ပြီး ပုဂံ တွင် Plastic Campaign ၌ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကာ နေပြည်တော်သို့ထပ်မံ လေ့လာရေး ခရီးထွက်ကြမည် ဖြစ်သည်။  

Miss Myanmar International 2015 အဖြစ် ရွေးချယ်ခြင်း ခံရသူသည် သရဖူနှင့် ငွေကျပ် သိန်း ၁၀၀ ရရှိမည်ဖြစ်ပြီး 1st runner up ၊ 2nd runner up အဖြစ် ရွေးချယ် ခံရသူများကိုလည်း သက် ဆိုင်သည့် ဆုကြေးငွေများ ပေးအပ်သွားမည် ဖြစ်သည်။

စတုတ္ထအကြိမ်မြောက် Miss Myanmar International 2015 ပြိုင်ပွဲကို ၂၀၁၅ ခုနှစ် သြဂုတ် ၃၀ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံ၌ ကျင်းပမည်ဖြစ်ပြီး ဆန်ကာတင် အလှမယ် အယောက် ၂၀ က ညနေခင်း ဝတ်စုံ၊ ရိုးရာဝတ်စုံTraditional Dress တို့ဖြင့် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly