မလေးရှား စီးပွားရေးဖွံ့ဖြိုးမှုမှာ နှစ်နှစ်နီးပါးကာလအတွင်း အနှေးကွေးဆုံးဖြစ်

မလေးရှား စီးပွားရေးဖွံ့ဖြိုးမှုမှာ နှစ်နှစ်နီးပါးကာလအတွင်း အနှေးကွေးဆုံးဖြစ်
ဓာတ်ပုံ - google image

မလေးရှားစီးပွားရေးမှာ ဒုတိယ သုံးလပတ်ကာလတွင် နှစ်နှစ်နီးပါးအတွင်း အနှေးကွေးဆုံး နှုန်းဖြင့်သာ ဖွံ့ဖြိုးနေသည်ဟု အစိုးရက သြဂုတ်လ ၁၃ ရက်က ပြောကြားခဲ့ရာ နိုင်ငံရေး မတည်ငြိမ်မှု၊ တစ်ဟုန်ထိုး ကျဆင်းနေသည့် ငွေကြေးပြဿနာများနှင့် ရင်ဆိုင်နေရသော မူဝါဒရေးဆွဲသူများအဖို့ လတ်တလောအကျဆုံး အနုတ်လက္ခဏာ တစ်ရပ်ပင်ဖြစ်သည်။

ဗဟိုဘဏ်၏ ပြောကြားချက်အရ ပို့ကုန်နှင့် ပြည်တွင်းစားသုံးမှု နှစ်ခုစလုံး အားနည်းသွားသော ကြောင့် မလေးရှား၏ ဒုတိယသုံးလပတ်ကာလ စီးပွားရေးဖွံ့ဖြိုးမှုမှာ ယမန်နှစ်အလားတူကာလက ၆ ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့ရာမှ ယခုနှစ်တွင် ၄ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။

အရှေ့တောင်အာရှတွင် တတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်သည့် မလေးရှား၏ အနာဂတ်ဖွံ့ ဖြိုးမှု အလားအလာမှာ စွမ်းအင်ပို့ကုန်အပေါ်တွင် ကြီးစွာမှီခိုနေရပြီး စွမ်းအင်ကဏ္ဍမှာလည်း ကမ္ဘာ့ရေ နံဈေးနှုန်းများ ဆက်တိုက်ကျဆင်းလာနေမှုကြောင့် မသေချာမရေရာ ဖြစ်နေသည်။

တရုတ်က ယွမ်ငွေကို တန်ဖိုးချလိုက်ရာမှ အာရှ၏ အကြီးဆုံး စီးပွားရေးနိုင်ငံကြီးမှ ဗဟိုဘဏ် များက ၎င်းတို့၏ ငွေကြေးများကို အပြိုင်အဆိုင် တန်ဖိုးချရမည့် ဒေသတွင်း ငွေကြေးစစ်ပွဲက စတင်နိုင် သည့် စိုးရိမ်မှုများကြောင့် ရင်းဂစ်ငွေကြေးမှာလည်း ယခုရက်သတ္တပတ်တွင် ၁၇ နှစ်တာအတွင်း အနိမ့်ဆုံးသို့ ထိုးဆင်းသွားခဲ့သည်။

ရင်းဂစ်ငွေကြေးမှာ ဝန်ကြီးချုပ် နာဂျစ်ရာဇက် ပါဝင်ပတ်သက်နေသည့် ဘဏ္ဍာရေးမသမာမှု စွဲချက်များအပေါ် အခြေခံသည့် နိုင်ငံရေးမတည်ငြိမ်မှု၏ ဒဏ်ကိုလည်း ခံနေရသည်။ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး ဇီတီ အက်ခတာ အဇစ်ကမူ မလေးရှားစီးပွားရေးမှာ ကြံ့ကြံ့ခံနိုင်လိမ့်မည်ဟု ပြော သည်။

''မလေးရှားစီးပွားရေးက မှန်မှန်ဖွံ့ဖြိုးနေတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေဆဲလို့ မျှော်လင့်ရပါ တယ်။ ပြည်တွင်းဝယ်လိုအားက ဖွံ့ဖြိုးမှုရဲ့ အဓိက မောင်းနှင်အားပါ''ဟု ၎င်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly