ဘင်္ဂလားပင်လယ်အော်၌ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်

ဘင်္ဂလားပင်လယ်အော်၌ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်

ရန်ကုန် ၊ စက်တင်ဘာ ၁၇ ။          ။ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် အားကောင်းသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေသော်လည်း မုန်တိုင်းဖြစ်မဖြစ် အတိအကျပြောဆို၍ မရသေးကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က ယနေ့ သုံးသပ်ပြောဆိုသည်။

"လောလောဆယ်ပြောလို့မရသေးဘူး၊ ဒါပေမယ့် သူက နည်းနည်းအားကောင်းတဲ့အဆင့်ရှိနေပေမယ့် ကုန်းတစ်ဝက် ရေတစ်ဝက်ဖြစ်နေတော့ သေချာပေါက်တော့ပြောလို့မရနိုင်ဘူး ။ ဒါပေမယ့် ဖြစ်ဖို့အချိန်တော့ နည်းနည်းတော့နီးလာပြီ။ ဒီကောင် မဖြစ်ရင် နောက်တစ်လုံးတော့ ဖြစ်မှာပဲ" ဟု ဦးထွန်းလွင်က ဆိုသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းသို့ ပြောင်းလဲလာပါက မြန်မာနိုင်ငံထဲသို့ လာနိုင်ချေမရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

လက်ရှိအချိန်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အား ကောင်းရာမှ အားအလွန်ကောင်းနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ ယင်းအတွက် ကြောင့် မြန်မာနိုင်ငံေ နရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သတိပေးထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly