ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး အသက် ၃၀ အောက် လူငယ်များ စကားဝိုင်းပြုလုပ်

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး အသက် ၃၀ အောက် လူငယ်များ စကားဝိုင်းပြုလုပ်

ရန်ကုန် ၊ စက်တင်ဘာလ ၁၇ ။          ။ အသက် ၃၀ နှစ်အောက်လူငယ်များ စကားဝိုင်းကို ယနေ့ စက်တင်ဘာ ၁၇ ရက်နေ့က ရန်ကုန်မြို့ Summit Park View ဟိုတယ်၌ ကျင်းပပြုလုပ်ပြီး လူဦးရေ ၇၀ နီးပါး တက်ရောက်ခဲ့သည်။

"လူငယ်အသံတွေကို စုစည်းထုတ်ဖော်ပြီးတော့ မြန်ဆန်တဲ့ မြန်မာနိုင်ငံ လိုချင်နေတဲ့ မြန်မာနိုင်ငံသစ်ကို လူငယ်တွေရဲ့အသံနဲ့ ဖော်ထုတ်ချင်တယ်။ လက်ရှိမြန်မာနိုင်ငံက ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ စိန်ခေါ်မှုတွေကို အခွင့်အရေးတွေအဖြစ် ဘယ်လိုနည်းနဲ့ ပြောင်းလဲသွားနိုင်မလဲ။ လူငယ်တွေ စုစည်းပြီး ဒီအပေါ်မှာအဖြေရှာသွားမယ်" ဟု ပွဲဖြစ်မြောက်ရေး တာဝန်ခံ မသဉ္ဇာရွှန်းလဲ့ရည် ကဆိုသည်။

ယနေ့ စက်တင်ဘာ ၁၇ ရက်တွင် ကျင်းပသည့် စကားဝိုင်းတွင် ဦးဆောင်ဆွေး နွေးသူများအဖြစ် ကိုမြတ်သူရအောင်(မြန်မာ့အရေးလေ့လာသုံးသပ်သူ) ၊ စောဂျိုးဇက်ဝါး(လူ့အခွင့်အရေးလှုပ်ရှားသူ)၊ ကိုမြတ်ကျော်သူ(သတင်းထောက်)၊ မအိသဉ္ဇာမောင်(လူ့ဘောင်သစ်လူငယ်) တို့က ပါဝင်ဆွေးနွေးခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်တွေကို ဖြေရှင်းရန်၊ အသိုင်းအဝိုင်းနှစ်ခုကြား နားလည်မှု တည်ဆောက်ယူရန်၊ သတင်းအတုအယောင်တွေ သွေးထိုးလှုံဆော်မှုတွေ ရှောင်နိုင်ရန် မည်ကဲ့သို့ လုပ်ဆောင်သွားမည်များကို ဆွေးနွေးခဲ့ကြသည်။

မဇ္ဈိမမီဒီယာဂရုမှ စီစဉ်ကာ Parami Round Table မှ ရန်ကုန်လူငယ်ကွန်ယက် (Yangon Youth Network) နှင့် ပူးပေါင်း ပံ့ပိုးထားသော အသက် ၃၀ အောက် လူငယ်များ ဒိုင်ယာလော့ဂ် အစီအစဉ် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly