ပီလောပီနံ စိုက်ပျိုးရေး အပိုင်း (၂)

16 September 2017
ပီလောပီနံ စိုက်ပျိုးရေး အပိုင်း (၂)

ဘောင်များပြုလုပ်ပြီးတဲ့ အချိန်မှာတော့ ၈လက်မ ဒါမှမဟုတ် ၁၀လက်မလောက် ဖြတ်ထားတဲ့ ပျိုးကိုင်းတွေကို ခပ်စောင်းစောင်းလေး စိုက်ပေးရမှာဖြစ်ပါတယ်။

 ဘောင်ပြုပြင်ချိန်မှာတော့ ၁ဧကကို ယူရီးယား ၇ပိသာ၊ တီဆူပါ ၇ပိသာ နှင့် ပိုတက်၅ ပိသာနူန်း ထည့်ပေးရန် လိုအပ်ပါတယ်။ ဘောင်ပေါ်မှာပေါက်နေတဲ့ မြက်တွေကိုနုတ်ပေးရမှာ ဖြစ်သလို၊ လိုအပ်ရင်ရေကိုလဲ သွင်းပေးရမှာ ဖြစ်ပါတယ်။

ဒီအခင်းကတော့ နှစ်စွယ်ထိုးအခင်းဖြစ်ပါတယ် နှစ်စွယ်ထိုးဆိုတာကတော့ မျိုးပင်နှစ်ပင်ကို ဘောင်တစ်ခုထဲမှာ စိုက်ပျိူးထားခြင်းပဲဖြစ်ပါတယ်။

ပေါင်းရှင်းခြင်းအလုပ်ကိုတော့ စတင်စိုက်ပျိုးတဲ့ အချိန်ထဲက လုပ်နိုင်မယ်ဆိုရင် အကောင်းဆုံးပဲဖြစ်ပါတယ်။ ပေါင်းရှင်းချင်းကိုတော့ အချိန်ကာလစောင့် ရန်မလိုပဲ လိုအပ်တဲ့ အချိန်းတိုင်းမှာ ပြုလုပ် ပေးရမှာဖြစ်ပါတယ်။

ဥများကတော့ စိုက်ပျိုးပြီး ၇လကျော်တဲ့အချိန်မှာ တူးဖော်နိုင်မှာ ဖြစ်ပါတယ်။ ဈေးကောင်းအောင် စောင့်ဆိုင်းပြီးမှလဲ တူးဖော်နိုင်ပေမယ့် မြန်မာလ တပေါင်းလမတိုင်ခင်မှာ ဖော်ပေးရပါမယ်။ တပေါင်း

တန်ခူးလတွေကတော့ သစ်ရည်ပြန်တဲ့အတွက် ဈေးကောင်းရရှိမှာ မဟုတ်ပါဘူး။ ပီလောပီနံဥ ၁၀၀ ပိသာကို အနှစ်ပိသာချိန် ၃၀ ခန့်ရှိပါတယ်။

အပိုင်း(၁) အားကြည့်နိုင်ပါသည်-http://www.mizzimaburmese.com/article/31885

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly