မြင့်မားသည့်စာချုပ်ဖျက်သိမ်းကြေး အိုင်ကာဒီလိုအပ်ဟု စပယ်လက်တီဆို

မြင့်မားသည့်စာချုပ်ဖျက်သိမ်းကြေး အိုင်ကာဒီလိုအပ်ဟု စပယ်လက်တီဆို

စက်တင်ဘာ ၁၆၊ မီလန်။       ။ အသင်းခေါင်းဆောင်အိုင်ကာဒီကို အခြားအသင်းများမှ ကမ်းလှမ်းလာခြင်းကိုကာကွယ်နိုင်ရန် မြင့်မားသည့်စာချုပ်ဖျက်သိမ်းကြေး လိုအပ်သည်ဟု အင်တာမီလန်နည်းပြ စပယ်လတ်တီက ပြောသည်။

အာဂျင်တီးနားလက်ရွေးစင်အိုင်ကာဒီသည် ၂၀၂၁ အောက်တိုဘာထိသက်တမ်းရှိသည့် စာချုပ်သစ်ချုပ်ထားပြီး စာချုပ်ဖျက်သိမ်း ကြေးမှာ ယူရိုသန်း ၁၁၀ ဝန်းကျင်ရှိသည်ဟု သတင်းများထွက်နေသည်။

ယမန်နှစ်က ၂၄ ဂိုးသွင်းထားသည့် အသက် ၂၄ နှစ်အရွယ်ကစားသမားသည် လက်ရှိရာသီစီးရီးအေ သုံးပွဲကစားပြီးချိန်တွင် ငါးဂိုးသွင်းထားသည်။ အာဆင်နယ်နှင့်သတင်းများလည်းထွက်နေရာ စပယ်လက်တီက စာချုပ်သစ်ပြင်ဆင်ချုပ်စေချင်နေသည်။

“အိုင်ကာဒီကို မြင့်မားတဲ့စာချုပ်ဖျက်သိမ်းကြေးနဲ့ အသစ်ချုပ်သင့်ပါတယ်။ သူ့အဆင့်က အစ္စကို (ရီးယဲလ်နှင့်စာချုပ်သစ်အရ စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၇၀၀ တန်ဖိုးရှိ) နဲ့ အတူတူပဲဖြစ်သလို ကျန်တဲ့ထိပ်သီးကစားသမားတွေနဲ့လည်း အတူတူပါပဲ” ဟု စပယ်လက်တီကပြောသည်။

Ref; soccerway

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly