၂၀၁၈ ကမ္ဘာ့ဖလားအတွက် အုပ်စုခွဲရာမှာ အောက်တိုဘာလ ကမ္ဘာ့အဆင့်သတ်မှတ်ချက်အပေါ် အခြေပြုမည်

၂၀၁၈ ကမ္ဘာ့ဖလားအတွက် အုပ်စုခွဲရာမှာ အောက်တိုဘာလ ကမ္ဘာ့အဆင့်သတ်မှတ်ချက်အပေါ် အခြေပြုမည်
(ဓာတ်ပုံ - အီးပီအေ)

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က ရုရှားနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အုပ်စုခွဲခြားရာမှာ အောက်တိုဘာလ ကမ္ဘာ့အဆင့်သတ်မှတ်ချက်အပေါ် အခြေပြုသွားလိမ့်မယ်လို့ အတည်ပြုလိုက်ပါတယ်။

ဒါ့ကြောင့်  ဒီဇင်ဘာ ၁ ရက်နေ့မှာ ပြုလုပ်မယ့် အုပ်စုမဲခွဲပွဲမှာ လက်ရှိအဆင့်သတ်မှတ်ချက် ၆၄ နေရာမှာ ရှိတဲ့ အိမ်ရှင် ရုရှားအသင်းနှင့် ကမ္ဘာ့ထိပ်တန်းအသင်း ၇ သင်းတို့ဟာ ပထမမဲအိုးမှာ ပါဝင်ပြီး ကျန် ၂၄ သင်းကို ၎င်းတို့ရဲ့ အဆင့်များအရ အညီအမျှ မဲအိုး ၃ အိုးမှာ ခွဲသွားမှာဖြစ်ပါတယ်။

စက်တင်ဘာလ ကမ္ဘာ့အဆင့်သတ်မှတ်ချက်ကို ကြာသပတေးနေ့က ထုတ်ပြန်ခဲ့ပြီး အင်္ဂလန်အသင်းမှာ အဆင့် (၁၇)နေရာမှာ ရောက်ရှိခဲ့ပြီး လက်ရှိ ထိပ်ဆုံး ဆီဒင်အမြင့်ဆုံး ၇ သင်းမှာ ဂျာမနီ၊ ဘရာဇီး၊ ပေါ်တူဂီ၊ အာဂျင်တီးနား၊ ဘယ်လ်ဂျီယံ၊ ပိုလန်နှင့် ဆွစ်ဇလန်တို့ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲတွေကို အောက်တိုဘာလ ၁၀ ရက်မှာ ယှဉ်ပြိုင်သွားမှဖြစ်ပြီး  ရက်အနည်းငယ်အကြောမှာ ကမ္ဘာ့အဆင့်သတ်မှတ်ချက်များကို ထုတ်ပြန်မှာဖြစ်ပေမယ့် ဥရောပရှိ play-offs ပွဲများကို နိုဝင်ဘာလထဲမှာ ဆက်လက်ကစားသွားမှာဖြစ်ပါတယ်။

Ref; BT Sport

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags