ဒိုင်ကိုစစ်ဆေးသင့်သည်ဟု ဘန်လာဘီပြော

ဒိုင်ကိုစစ်ဆေးသင့်သည်ဟု ဘန်လာဘီပြော

မလေးရှားအသင်းကို ရှုံးနိမ့်ခဲ့ရပြီးနောက် မြန်မာယူ ၁၈ နည်းပြဘန်လာဘီက ကွင်းလယ်ဒိုင်ကို စစ်ဆေးသင့်ကြောင်း ပြောဆိုလိုက်သည်။

ဗီယက်နမ်အသင်းကို အနိုင်ရပြီး တစ်ရက်အကျော်တွင် ကစားရသည့် ဆီမီးဖိုင်နယ်တွင် ဗီယက်နမ်နည်းပြကို ကိုင်တွယ်စေခဲ့သည့် AFF ၏ လုပ်ရပ်ကို ဘန်လာဘီကဝေဖန်ခဲ့ပြီး နောက်ဆုံးမိနစ်တွင် လက်ထိဘောကို ပင်နယ်တီမပေးခဲ့သော ဒိုင်၏ လုပ်ရပ်ကိုလည်း မေးခွန်းထုတ်လိုက်သည်။

"ပြိုင်ပွဲကြီးကြပ်ရေးကိုဘာလို့ ဒီပွဲမှာ ဗီယက်နမ်ဒိုင်ကို တာဝန်ပေးခဲ့သလဲဆိုတာ ကျွန်တော့်မန်နေဂျာကို မေးခိုင်းထားတယ်။ ဒိုင်ဆုံးဖြတ်ချက်တွေကို ပြန်စစ်ဆေးသင့်တယ်။ ဗီဒီယိုဖိုင်ပြန်ကြည့်ပြီး အရေးယူပေးဖို့ တိုင်ကြားမှာပါ။ " ဟု ဘန်လာဘီက ပြောသည်။

မြန်မာယူ- ၁၈ အသင်းမှာ မလေးရှားမသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် တတိယလုပွဲအဖြစ် အင်ဒိုနီးရှားအသင်းနှင့် ကစားရမည်ဖြစ်သည်။ မြန်မာနှင့် အင်ဒိုနီးရှားပွဲကို စက်တင်ဘာ ၁၇ ရက် ညနေ ၃ နာရီတွင်ကစားရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly