လန်ဒန် မြေအောက်ရထား ပေါက်ကွဲမှုမှာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ကြောင်း ဗြိတိန်ပြော

By AFP
15 September 2017
လန်ဒန် မြေအောက်ရထား ပေါက်ကွဲမှုမှာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ကြောင်း ဗြိတိန်ပြော

 

စက်တင်ဘာ ၁၅ ။             ။ လန်ဒန်မြို့ အနောက်တောင်ပိုင်းမှာ မြေအောက်ရထား ပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့လို့ ခရီးသည်အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ယခုအခါ ယင်းပေါက်ကွဲမှုကို အကြမ်းဖက်တိုက်ခိုက်မှုလုပ်ရပ်အဖြစ် ဗြိတိန်ရဲတပ်ဖွဲ့က သတ်မှတ်စစ်ဆေးနေလျက်ရှိပါတယ်။

Parsons Green မြေအောက်ဘူတာရုံမှာ ဖြစ်ခဲ့တဲ့ အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်နောက်ပိုင်း ခရီးသည်တစ်ချို့ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရသွားခဲ့ကြတယ်လို့လည်း သိရပါတယ်။

ပေါက်ကွဲမီးလောင်ရခြင်းရဲ့အကြောင်းရင်းကို ထုတ်ပြန်ဖို့ စောသေးကြောင်းနဲ့ ယခုအခါ ယင်းဘူတာရုံကို ပိတ်ထားကြောင်း လန်ဒန်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

" Parsons Green ဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရသွားသူတွေနဲ့အတူ ကျွန်မ ရပ်တည်ပါတယ်၊ ဒီအကြမ်းဖက်မှုမှာ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖြေရှင်းခဲ့ကြတဲ့ အရေးပေါ်ကူညီရေးအဖွဲ့တွေကိုလည်း အသိအမှတ်ပြုပါတယ်" ဆိုပြီး ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက ပြောပါတယ်။

အလားတူ ယင်းဖြစ်စဉ်နဲ့ပတ်သက်လို့ အစိုးရအဖွဲ့အရေးပေါ် အစည်းအဝေးတစ်ခုကို ကျင်းပခဲ့ကြောင်းလည်း သိရပါတယ်။

ယခုအခါ ယင်းပေါက်ကွဲမှုဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရသူ ၁၈ ဦးကို ဆေးရုံတင်ပို့ထားရကြောင်းလည်း လန်ဒန် အရေးပေါ်ကယ်ဆယ်ရေးဝန်ဆောင်မှုဌာနက ထုတ်ပြန်ထားပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly