ရန်ကုန်မြို့လယ် တွင် စိန်ဆိုင်လုယက်မှု ဖြစ်ပွား

ရန်ကုန်မြို့လယ် တွင် စိန်ဆိုင်လုယက်မှု ဖြစ်ပွား

ရန်ကုန်၊ စက်တင်ဘာ ၁၅ ။          ။ ရန်ကုန်တိုင်းဒေသကြီး၊ ပန်းပဲတန်းမြို့နယ်၊ မဟာဗန္ဓုလလမ်းရှိ စိန်ဆိုင်သို့ အသက် ၃ဝ နှစ်ခန့်ရှိ အသားမဲ၊ အရပ်ရှည်၊ အမျိုးသားတစ်ဦးက  ကျပ်သိန်း ၈ဝ ခန့် တန်ဖိုးရှိ ပတ္တမြားဆွဲသီးတစ်ခုအား ယနေ့ စက်တင်ဘာလ ၁၅ ရက်၊ နံနက် ၉ နာရီခန့်တွင် လုယက်ထွက်ပြေးသွားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ပန်းပဲတန်းမြို့နယ်၊ အမှတ် ၆ ရပ်ကွက်တွင် စိန်ရ တနာအရောင်းအဝယ်လုပ်ကိုင်သူ ဝန်ထမ်းအမျိုးသမီးက နေအိမ်မှ စိန်ထည်ပစ္စည်း ၂၉ မျိုးထည့် ထားသော အိတ်အား ယူဆောင်ကာ မဟာဗန္ဓုလလမ်းရှိ အရောင်းဆိုင်သို့သွားရောက်ခဲ့ကြောင်း၊ဆိုင်အရောက် စိန်ထည်ပစ္စည်းထည့်ထားသော အိတ်အား ကောင်တာပေါ်သို့ တင်ဆောင်ပြီး ဇစ်ဖွင့်ထားကာ ဆိုင်အတွင်း ကောင်တာများဖွင့်နေစဉ် အသက်(၃ဝ)နှစ်ခန့်ရှိ အသားမဲ၊ အရပ်ရှည်၊ အမျိုးသားတစ်ဦးက အဆိုပါ စိန်ဆိုင် အရောင်းဝန်ထမ်းအမျိုးသမီးအား နောက်မှနေပြီး  ပါးစပ်ကိုတိပ်ဖြင့်ပတ်ကာ ဦးခေါင်းအားစား ပွဲပေါ်သို့ ဆောင့်တွန်းခဲ့ကြောင်း၊ပြီးနောက် စိန်ထည်ပစ္စည်းများထည့်ထားသော အိတ်အတွင်းမှ စိန်ထည်ပစ္စည်း (၂၉)မျိုးအနက် ကာလတန်ဖိုး ကျပ် သိန်း ၈ဝ ခန့် တန်ဖိုးရှိ ပတ္တမြားတစ်လုံးဖြင့် ခရုပတ်ပုံစီချယ်ထားသော ဆွဲသီးတစ်ခုအား လုယူထွက် ပြေး သွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

လက်ရှိတွင် လုယက်သွားသူအမျိုးသားအား ပန်းဘဲတန်းမြို့မရဲစခန်းတွင် (ပ) ၂၇၆/၂ဝ၁၇ ၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ထားပြီး ပြစ်မှုကျူးလွန်သူဖမ်းဆီးရမိနိုင်ရေးအတွက် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ပတ်ဝန်းကျင်နေ သူများအား မေးမြန်စုံစမ်းကာ CCTV မှတ်တမ်းများရယူပြီး ဆောင်ရွက်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly