ခန္ဓာကိုယ်အနှံ့အပြား၌ နာကျင်ကိုက်ခဲမှု ခံစားနေရသောကြောင့် ဆေးရုံတက်ကုသနေသည့် လေဒီဂါဂါ

ခန္ဓာကိုယ်အနှံ့အပြား၌ နာကျင်ကိုက်ခဲမှု ခံစားနေရသောကြောင့် ဆေးရုံတက်ကုသနေသည့် လေဒီဂါဂါ

အမေရိကန်အဆိုတော် လေဒီဂါဂါက သူမ၏ ခန္ဓာကိုယ်အနှံ့အပြားတွင် နာကျင်ကိုက်ခဲမှုဝေဒနာ ခံစားနေရ သောကြောင့် ဆေးရုံတက်၍ ကုသမှုခံယူနေကြောင်း ပြောခဲ့သည်။

Bad Romance သီချင်းအဆိုရှင်ဖြစ်သူ လေဒီဂါဂါသည် ထိုဝေဒနာကြောင့် ဘရာဇီးနိုင်ငံတွင် ကျင်းပမည့် Rock In Rio ဂီတပွဲတော်၌ ဖျော်ဖြေမည့်အစီအစဉ်ကို ဖျက်သိမ်းခဲ့ရသည်။

“ရှင်တို့အတွက် ကျမဘာမဆိုလုပ်ပေးချင်ပေမယ့် အခုချိန်မှာတော့ ကျမရဲ့ခန္ဓာကိုယ်ကို ဂရုစိုက်ရပါတော့မယ်” ဟု သူမက အင်စတာဂရမ်၌ရေးသားကာ သူမပရိသတ်များကို အသိပေးခဲ့သည်။

အသက် ၃၁နှစ်အရွယ်ရှိပြီဖြစ်သည့် လေဒီဂါဂါက သူမသည် ခန္ဓာကိုယ်အနှံ့အပြား၌ နာကျင်ကိုက်ခဲမှုဖြစ်ပွား သည့် ရောဂါဆန်းတစ်မျိုးကို ခံစားနေရကြောင်း မကြာသေးခင်က ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။

“လေဒီဂါဂါဟာ ခန္ဓာကိုယ်အနှံ့အပြားမှာ နာကျင်မှုခံစားနေရတာကြောင့် ဖျော်ဖြေမှုမပြုလုပ်နိုင်သေးပါဘူး။ အဲ့ဒါ ကြောင့်ပဲ သောကြာနေ့မှာကျင်းပမယ့် Rock In Rio ဂီတပွဲတော်မှာ ဖျော်ဖြေမယ့်အစီအစဉ်ကို ဖျက်သိမ်းလိုက် ရပါတယ်။ လက်ရှိမှာတော့ ကျွမ်းကျင်ဆရာဝန်တွေရဲ့ ကုသမှုကိုခံယူနေပါတယ်။ ရီယိုမှာရှိတဲ့ သူမရဲ့ပရိသတ် အားလုံးအတွက် သူမကမေတ္တာပို့သပေးနေပြီး အားပေးမှုနှင့် နားလည်မှုအတွက် သူမကကျေးဇူးတင်နေပါတယ်” ဟု လေဒီဂါဂါ၏ အင်စတာဂရမ် စာမျက်နှာ၌ ရေးသားထားသည်။

ဒါ့အပြင် လေဒီဂါဂါသည် သူမ၏သွေးကြောထဲသို့ ဆေးရည်သွင်းနေပုံကို ဓာတ်ပုံရိုက်ပြီး အင်စတာဂရမ်၌ တင်ခဲ့ ကာ “ဘရာဇီးရေ၊ ကျမ Rock In Rio ပွဲတော်ကိုလာဖို့ နေမကောင်းဖြစ်နေပါတယ်” ဟု ရေးသားခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags