ချယ်လ်ဆီးအသင်းကို ငြင်းဆန်ခဲ့ရခြင်းအကြောင်းရင်းကို လိုရန်တီဖွင့်ဟ

ချယ်လ်ဆီးအသင်းကို ငြင်းဆန်ခဲ့ရခြင်းအကြောင်းရင်းကို လိုရန်တီဖွင့်ဟ

စက်တင်ဘာ ၁၅၊ လန်ဒန်။          ။ ပိုချက်တီနိုနှင့် ရင်းနှီးပွင့်လင်းစွာဆွေးနွေးပြောဆိုခဲ့ရခြင်းက နည်းပြဟောင်းကွန်တီ၏ ချယ်လ်ဆီးအသင်းကိုငြင်းဆန်ခဲ့ရခြင်း၏ အကြောင်းရင်း ဖြစ်သည်ဟု လိုရန်တီက ပြောသည်။

စပိန်တိုက်စစ်မှူးသည် ဂျူဗင်တပ်တွင်အတူလက်တွဲခဲ့ဖူးသည့် ကွန်တီကိုငြင်းဆန်ပြီး လန်ဒန်မြောက်ပိုင်းကလပ် စပါးထံ ပေါင် ၁၂ သန်းဖြင့် ပြောင်းခဲ့သူဖြစ်သည်။

“နောက်ဆုံးမှာအကောင်းဆုံးအဆုံးသတ်သွားလို့ ကျွန်တော်သိပ်ပျော်ပါတယ်။ စပါးအသင်းက စီမံကိန်းကောင်းတွေနဲ့အံ့မလခန်းကလပ်ဖြစ်ပြီး ကျွန်တော်နဲ့အဆင်ပြေတယ်လို့ ထင်ပါတယ်။

ကျွန်တော်ဒီအသင်းနဲ့အဆင်ပြေပြီး အသင်းရဲ့ရည်မှန်းချက်တွေရောက်အောင် ဂိုးတွေသွင်းပြီးကူညီပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ တကယ်ဆိုရင် ချယ်လ်ဆီးအသင်းက ကျွန်တော့်ကို အကြာကြီးကြိုးစားခဲ့ပေမယ့် အဆုံးသတ်ကတော့ မြင်တဲ့အတိုင်းပါပဲ။

နောက်ဆုံးမိနစ်တွေမှာ ပိုချက်တီနိုဆီက ဖုန်းဝင်လာခဲ့ပြီး စပါးကိုပြောင်းဖို့ယုံကြည်ချက်လည်းရစေခဲ့ပါတယ်။ စပါးရဲ့စီမံကိန်းတွေက အထင်ကြီးလောက်စရာပါ”ဟု အသက် ၃၂ နှစ်အရွယ် လိုရန်တီကပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly