သီလဝါနှင့် ရန်ကုန်မြစ်ကို ခေတ်မှီရာသီဥတုတိုင်းကရိယာဖြင့် တိုင်းတာမည်

သီလဝါနှင့် ရန်ကုန်မြစ်ကို ခေတ်မှီရာသီဥတုတိုင်းကရိယာဖြင့် တိုင်းတာမည်

ရန်ကုန်၊စက်တင်ဘာ၁၅ ။          ။ သီလဝါစက်မှုဇုန်နှင့် ရန်ကုန်မြစ်အတွင်း တပ်ဆင်ထားသော ခေတ်မှီလေထုတိုင်းကိရိယာနှင့် မြစ်ရေချိန်တိုင်းကိရိယာကြောင့် မိုးလေဝသနှင့် ဘေးအန္တရာယ်အခြေအနေများကို ကြိုတင်သတိပေးနိုင်မည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါ်ရည်ရည်လွင်က ပြောသည်။

အဆိုပါကိရိယာကို မြန်မာဂျပန်သီလဝါဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက  တပ်ဆင်ထားခြင်းဖြစ်သည်။

ယခုနှစ်ဂျုလိုင်လနှင့် သြဂုတ်လတွင်တပ်ဆင်ထားသော ၎င်းမိုးလေဝသတိုင်းကိရိယာများနှင့်ပတ်သတ်၍ ယနေ့စက်တင်ဘာ၁၅ရက်တွင်  သီလဝါစက်မှုဇုန်၌ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

"ရေကြီးရင်လည်း ရေဘယ်လောက်တက်လာလဲ တိုင်းမှမဟုတ်ဘူး သူ့ဘာသူအော်တိုဆင်ဆာနဲ့ တက်လာတဲ့အတွက် ရေဘယ်လောက်တက်လာတာကိုသူ့ရဲ့ Warning(စိုးရိမ်)အမှတ်ကိုရောက်တဲ့အခါမှာ ရေဘယ်လောက်တက်လာပြီဆို Early Warning (ကြိုတင်သတိပေးချက်)အတွက် အကျိုးရှိပါတယ်"ဟု မိုးလေဝသနှင့် ဇလဗေဒညွှနကြားမှုဦးစီးဌာနမှ ညွှန်ကြာရေးမှူး ဒေါ်ရည်ရည်ငြိမ်းက ပြောသည်။

ယခုတပ်ဆင်ထားသည့် စက်ကိရိယာများသည် လေတိုက်နူန်း၊ လေတိုက်ရာလမ်းကြောင်း၊ မိုးရေဖွဲ့နူန်း၊ လေဖိအား၊ အပူချိန်၊ စိုထိုင်းနူန်းနှင့် ရေမျက်နှာပြင်တို့ကို တိုင်းတာနိုင်ပြီး ဓာတ်ပုံများရိုက်ကူးစောင့်ကြည့်နိုင်ကာ အနီအောက်ရောင်ချည်စနစ်သုံး ကင်မရာဖြစ်သည့်အတွက် ညအချိန်ပုံရိပ်များပါ ရရှိနိုင်မည်ဖြစ်သည်။

"ကျွန်တော်တို့ တစ်နိုင်ငံလုံးကို ဖြန့်ဝေချင်ပါတယ် ။ဒါပေမယ့် အဲဒီမှာ ဘတ်ဂျက်အကန့့်အသတ်ရှိနေတယ် ။ဘတ်ဂျက်အတွင်းကဟာကို ဒီနိုင်ငံအတွက် လုပ်ပေးသွားမှာပါ"ဟု မြန်မာဂျပန်သီလဝါဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်ဥက္ကဌ Mr.Takashi Yanaiက ပြောသည်။

အဆိုပါကိရိယာကို ဘေးအန္တရာယ်နဲ့ပတ်သတ်ပြီး ထိခိုက်ဒဏ်ရာရရှိမှုလျော့ကျစေရေး၊ အသက်အိုးအိမ်နှင့် စီးပွားရေးဆုံးရှုံးမှုကာကွယ်ရေးအတွက် ရည်ရွယ်ထားကြောင်း အဆိုပါသတင်းစာရှင်းလင်းပွဲမှ သိရသည်။

အဆိုပါစက်ပစ္စည်းများသည် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် ဒေတာမျှဝေထားသည့်အတွက် မိုးလေဝသခန့်မှန်းချက်များကို အထောက်အကူပြုစေနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှနကြားမှုဦးစီးဌာနမှ ညွှန်ကြာရေးမှူး ဒေါ်ရည်ရည်ငြိမ်းက ပြောသည်။

၎င်းကိရိယာများမှ အချက်အလက်များအား Cloudနည်းပညာသုံး ဝက်ဘ်ဆိုဒ်ဆာဗာ၌ ထားရှိပေးထားပြီး အင်တာနက်အသုံးပြုကာ ဝင်ရောက်ကြည့်ရှု့နိုင်မည်ဖြစ်သည်။

လက်ရှိ မိုးလေဝကိရိယာတပ်ဆင်ထားသော သီလဝါစက်မှုဇုန်အပိုင်း(က)အတွင်း နိုင်ငံ၁၇နိုင်ငံမှ ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly