ဘန်လေဂိုးသမား တွန်ဟက်တန်လေးလခန့် အနားယူရဖွယ်ရှိ

ဘန်လေဂိုးသမား တွန်ဟက်တန်လေးလခန့် အနားယူရဖွယ်ရှိ

စက်တင်ဘာ ၁၅၊ အင်္ဂလန် ။         ။ ဘယ်ဘက်ပုခုံးတွင် ခွဲစိတ်ကုသမှုခံယူခဲ့ရသည့်အတွက်  ဘန်လေဂိုးသမား တွန်ဟက်တန်မှာ လေးလခန့်အနားယူရဖွယ်ရှိနေသည်။

ဟက်တန်သည် ပဲလေ့စ်အသင်းက ဘန်လေအသင်းကို အနိုင်ရခဲ့သည့်ပွဲတွင် ထိုဒဏ်ရာကို ရရှိခဲ့ခြင်းဖြစ်သည်။ ခွဲစိတ်ကုသမှုခဲ့ယူခဲ့ပြီးနောက် နှစ်ကုန်ပိုင်းအထိ အနားယူရမည်ဟု ဆရာဝန်များက အတည်ပြုခဲ့သည်။

ထို့ကြောင့် အသက် ၃၁ နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်ဂိုးသမားသည် ပရီးမီးယားလိဂ်ရာသီတစ်ဝက်လောက်ကို လွဲချော်မည်ဖြစ်ပြီး ဆလိုဗေးနီးယား၊ လစ်သူယေးနီးယားတို့နှင့်ကစားရမည့် အင်္ဂလန်အသင်း၏နောက်ဆုံးကမ္ဘာ့ဖလားခြေစစ်ပွဲများကိုလည်း လွဲချော်မည် ဖြစ်သည်။

ဘန်လေအသင်းသည် အရန်ဂိုးသမား နစ်ပုပ်၏နောက်တွင် အသုံးပြုနိုင်ရန် မန်ယူဂိုးသမားဟောင်း လင်ဒီဂတ်ကို ကာလတိုစာချုပ်ဖြင့် ခေါ်ယူရန် စဉ်းစားလျက်ရှိနေသည်။

အသက် ၃၀ အရွယ်ရှိ လင်ဒီဂတ်သည် ဘန်လေအသင်းတွင် ပြီးခဲ့သည့်အပတ်ကစပြီး လေ့ကျင့်ခန်းဆင်းနေပြီ ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags