ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ အာဆင်နယ်၊ အေစီမီလန်နဲ့ ဗီလာရီးယဲလ်တို့ ဂိုးပြတ်အနိုင်ရခဲ့ကြ

ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ အာဆင်နယ်၊ အေစီမီလန်နဲ့ ဗီလာရီးယဲလ်တို့ ဂိုးပြတ်အနိုင်ရခဲ့ကြ

စက်တင်ဘာလ ၁၅ ။          ။ ၂၀၁၇-၁၈ ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲစဉ်တွေမှာ အသင်းကြီးတွေဖြစ်တဲ့ အာဆင်နယ်၊ အေစီမီလန်နဲ့ ဗီလာရီးယဲလ်အသင်းတို့ ဂိုးပြတ်အနိုင်ရခဲ့ကြပါတယ်။

အာဆင်နယ်အသင်းက ကိုလုံးအသင်းကို ၃ ဂိုး၊ ၁ ဂိုး၊ အေစီမီလန်အသင်းက သြစကြီးယားဝီယင်အသင်းကို အဝေးကွင်းမှာ ၅ ဂိုး၊ ၁ ဂိုး ဗီလာရီးယဲလ်အသင်းက အက်စ်တာနာကို ၃ ဂိုး ၁ ဂိုးနဲ့အနိုင်ရခဲ့ကြပါတယ်။

အာဆင်နယ်တိုက်စစ်မှူး ဆန်းချက်ဇ်ဟာ အသင်းအတွက် ဒီရာသီပထမဆုံးဂိုးကိုသွင်းယူနိုင်ခဲ့ပြီး ကျန်သွင်းဂိုး ၂ ဂိုးကိုတော့ ကိုလာစီနက်နဲ့ ဘယ်လာရင်တို့က သွင်းယူပေးခဲ့ကြပါတယ်။

အေစီမီလန်အသင်းအတွက် အနိုင်ဂိုးတွေကိုတော့ တိုက်စစ်မှူးသစ် အန်ဒရီဆေးလ်ဗားက ၃ ဂိုး၊ ချယ်ဟာနိုဂလူနဲ့ ဆူဆိုတို့က တစ်ဂိုးစီ သွင်းခဲ့ကြပါတယ်။

ဗီလာရီးယဲလ်အတွက် အနိုင်ဂိုးတွေကိုတော့ ဆန်ဆိုနီ၊ ဘာကမ်ဘူနဲ့ ချီရီချက်ဗ်တို့က သွင်းယူခဲ့ကြပါတယ်။

အခြားပွဲစဉ်တွေမှာတော့ နိုက်စ်၊ လာဇီယို၊ ဆိုစီဒက်၊ မာဆေးလ်၊ ဇင်းနစ်စတဲ့အသင်းကြီးတွေ အနိုင်ရခဲ့ကြပြီး အဲဗာတန်အသင်းကတော့ စီးရီးအေကလပ် အတ္တလန္တာကို အီတလီမြေမှာ ၃ ဂိုး  ဂိုးမရှိနဲ့ရှုံးခဲ့ရပါတယ်။

ယူရိုပါလိဂ်ပွဲစဉ်များ

---------------------

ဗီလာရီးယဲလ် ၃-၁ အက်စ်တာနာ

စပါတာပရပ် ၁-၀ မက္ကာဘီတဲလ်အဗစ်

ဒိုင်နမိုကိဗ် ၃-၁ ကော်စီ

ယန်းဘွိုင်းစ် ၁-၁ ပါတီဇန်

သြစတြီးယားဝီယင် ၁-၅ အေစီမီလန်

ရီဂျီကာ ၁-၂ အေအီးကေအေသင်

အတ္တလန္တာ ၃-၀ အဲဗာတန်

အပိုလွန် ၁-၁ လိုင်ယွန်

ဟော့ဖင်ဟိန်း ၁-၂ ဘရာဂါ

ဘာဆက်ဆီဟာ ဝ-၀ လူဒိုဂိုရက်စ်

ဇက်လင်း ဝ-၀ ရှီရစ်ဖ်

ကိုပင်ဟေဂင် ဝ-၀ လိုကိုမိုးတစ်မော်စကို

ဘီယာရှီဗာ ၂-၁ လူဂါနို

FCSB ၃-၀ ဗစ်တိုးရီးယားပယ်ဇန်

ဇော်ယာ ဝ-၂ အော်စတာဆန်း

ဟာသာဘာလင် ဝ-၀ ဘီလ်ဘာအို

ကာဗီနာ ၁-၁ ဘိုရီဆော့ဗ်

မာဆေးလ် ၁-၀ ကွန်ယာစပေါ

ဂွီမာရက်စ် ၁-၁ ဆဲလ်ဘာ့ဂ်

ဝါရီဂန် ၁-၅ နိုက်စ်

ဗီတက်စီ ၂-၃ လာဇီယို

ဗာဒါ ဝ-၅ ဇင်းနစ်

ဆိုစီဒက် ၄-၀ ရိုစင်ဘော့

အာဆင်နယ် ၃-၁ ကိုလုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly