ပရိသတ်ပြဿနာရှိပေမယ့် ပွဲကိုယှဉ်ပြိုင်ကစားစေခဲ့လို့ အာစင်ဝင်းဂါးအံ့အားသင့်

ပရိသတ်ပြဿနာရှိပေမယ့် ပွဲကိုယှဉ်ပြိုင်ကစားစေခဲ့လို့ အာစင်ဝင်းဂါးအံ့အားသင့်

စက်တင်ဘာ ၁၅၊ လန်ဒန်။          ။ ပရိသတ်ထိန်းမနိုင်တဲ့ပြဿနာရှိလို့ နှောင့်နှေးခဲ့ရတဲ့ ကိုလုံးအသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်ကို တာဝန်ရှိသူတွေက ပွဲမရွှေ့ဘဲ ယှဉ်ပြိုင်ကစားစေခဲ့လို့ အံ့အားသင့်ခဲ့ရတယ်လို့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောပါတယ်။

အဆိုပါပွဲစဉ်မှာ ဂျာမန်ကလပ် ကိုလုံးအသင်းပရိသတ်တွေအတွက် လက်မှတ်ခွဲတမ်း ၂, ၉၀၀ သာရပေမယ့် ကိုလုံးပရိသတ် ၂၀, ၀၀၀ လောက် လန်ဒန်ကိုရောက်လာခဲ့ကြတာပါ။

ကြာသပတေးညက ကစားခဲ့တဲ့ အဲဒီယူရိုပါလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းက ကိုလုံးအသင်းကို ၃-၁ ဂိုးနဲ့အနိုင်ရခဲ့ပေမယ့် လည်း အာစင်ဝင်းဂါးကတော့ “ကျွန်တော်တို့က ရာနှုန်းပြည့်လုံခြုံမှုရှိတဲ့ အဝန်းအဝိုင်းမှာနေထိုင်ကြပါတယ်။

ကွင်းပတ်ဝန်းကျင်ကအဖြစ်အပျက်တွေကို ကျွန်တော်မြင်လိုက်ချိန်မှာ ဒီပွဲကိုစွန့်စားပြီးမကစားစေသင့်ဘူးလို့ ယူဆခဲ့မိပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ကိုလုံးအသင်းကို နောက်ကလိုက်ကစားပြီး အနိုင်ရခဲ့တာဖြစ်ပြီး မန်စီးတီးအသင်းကိုရောက်ဖို့ နောက်ဆုံးရက်မှပျက်ပြယ်သွားခဲ့တဲ့ ဆန်းချက်ဇ်လည်း ဒီရာသီသူ့ရဲ့ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags