ကိုယ်ဝန်ဖျက်ချခြင်းအား တရားဝင်ခွင့်ပြုနိုင်မည့် ဥပဒေမူကြမ်းကို ချီလီသမ္မတလက်မှတ်ထိုးအတည်ပြု

By AFP
15 September 2017
ကိုယ်ဝန်ဖျက်ချခြင်းအား တရားဝင်ခွင့်ပြုနိုင်မည့် ဥပဒေမူကြမ်းကို ချီလီသမ္မတလက်မှတ်ထိုးအတည်ပြု

 

ဆန်တီယာဂို၊ ချီလီ၊ စက်တင်ဘာ ၁၅ ။           ။ ချီလီနိုင်ငံ၏ဆိုရှယ်လစ်သမ္မတ မစ်ရှဲလ်ဘာချီလက်သည် အချို့သောအခြေအနေများတွင် ကိုယ်ဝန်ဖျက်ချမှုကို ပြစ်မှုအဖြစ် ပြဌာန်းခြင်းမပြုနိုင်ရန်အတွက် ကိုယ်ဝန်ဖျက်ချခွင့်ဥပဒေမူကြမ်းကို အထင်ကရ ဥပဒေပြုလွှတ်တော် ထဲ၌ ကြာသာပတေးနေ့က လက်မှတ်ရေးထိုးကာ အတည်ပြုခဲ့သည်။

ဆယ်စုနှစ်များစွာကြာအောင် တင်းတင်းကြပ်ကြပ် ပိတ်ပင်ထားခဲ့သော ကိုယ်ဝန်ဖျက်ချမှုအား တရားဝင်ဖြစ်စေ ရေးအတွက် ၂ နှစ်ခန့် အချေအတင် အငြင်းပွားခဲ့ပြီးနောက်တွင် ထိုဥပဒေမူကြမ်းကို လွှတ်တော်က လွန်ခဲ့သော ၂လခန့်က အတည်ပြုပေးခဲ့ပြီး အဆိုပါမူကြမ်းကို ရှေးရိုးစွဲဝါဒီများက ဆန့်ကျင်ခဲ့ကြကာ အခြေခံဥပဒေခုံရုံး၌ ထိပ်တိုက်ရင်ဆိုင်ခဲ့ကြရသည်။

“ချီလီနိုင်ငံရဲ့ အမျိုးသမီးတွေဖြစ်ကြတဲ့ ကျမတို့ဟာ အခြေခံအခွင့်အရေးလေးတစ်ခုကို ပြန်လည်ရယူနိုင်ခဲ့ပါပြီ။ ဒါကြောင့် ဆိုးရွားပြင်းထန်လှတဲ့ အခြေအနေတွေကို ရင်ဆိုင်ရတဲ့အချိန်မှာ ကျွန်မတို့ဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက် ကို ချမှတ်နိုင်ပြီဖြစ်ပါတယ်” ဟု ဘာချီလက်က လာမိုနိုဒါသမ္မတစံအိမ်၌ ကျင်းပခဲ့သောလက်မှတ်ထိုးပွဲတွင် အင်အား ၁၅၀၀ ခန့်ရှိသော အမျိုးသမီးပရိသတ်ထုကြီးအား   ပြောကြားခဲ့သည်။

ထိုသို့အတည်ပြုလိုက်သည့် ဥပဒေသည် ကိုယ်ဝန်ဆောင်မိခင်၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာနိုင် သည့်အခါတွင်ဖြစ်စေ၊ အမျိုးသမီးတစ်ဦးသည် မုဒိမ်းကျင့်ခံလိုက်ရသည့်အခါတွင်ဖြစ်စေ တရားဝင် ကိုယ်ဝန် ဖျက်ချနိုင်ရန် ခွင့်ပြုထားသည်။

သို့သော်လည်း အတိုက်အခံများက ယင်းဥပဒေသည် သန္ဓေသား၏ အသက်ရှင်ခွင့် အခွင့်အရေးကို ချိုးဖောက် ခြင်းဖြစ်ပြီး ထိုအခွင့်အရေးကို အခြေခံဥပဒေထဲ၌ ပြဌာန်းထားကြောင်း ငြင်းခုံခဲ့ကြသည်။

ယင်းဥပေဒအတည်ပြုရေးအတွက် မဲခွဲဆုံးဖြတ်ရာတွင် မဲ ၇၀ ရာခိုင်နှုန်းဖြင့် အပြတ်အသတ် အသာရခဲ့သော ကြောင့် တစ်ချိန်ကရှေးရိုးစွဲနိုင်ငံ ဖြစ်ခဲ့ဖူးသောချီလီအတွက်  ကြီးမားသောပြောင်းလဲမှုကြီးတစ်ရပ် ပေါ်ပေါက် ခဲ့ခြင်းဖြစ်သည်။ ချီလီနိုင်ငံသည် လင်မယားကွာရှင်းပြတ်ဆဲမှုကို ပိတ်ပင်ခဲ့သော နိုင်ငံတစ်ခုဖြစ်ခဲ့ပြီး လွန်ခဲ့သော ၂၀၀၄ ခုနှစ်ကမှ စတင်၍ တရားဝင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly