ပေါ့ဂ်ဘာထက် ဖယ်လိုင်နီကပင် ကစားပုံပိုထိရောက်သေးသည်ဟု ဂရေမီဆူးနက်စ်ဆို

ပေါ့ဂ်ဘာထက် ဖယ်လိုင်နီကပင် ကစားပုံပိုထိရောက်သေးသည်ဟု ဂရေမီဆူးနက်စ်ဆို

 

စက်တင်ဘာ ၁၄၊ မန်ချက်စတာ။          ။  မန်ယူအသင်းကွင်းလယ်တွင် ပေါ့ဂ်ဘာထက် ဖယ်လိုင်နီ၏ကစားပုံက ပင်ပိုမိုထိရောက်မှု ရှိသေးသည်ဟု လီဗာပူးလ်ကစားသမား ဟောင်း ဂရေမီဆူးနက်စ်က အိုင်းရစ်ရုပ်သံ TV3 တွင် အစီအစဉ်တင်ဆက်စဉ်ပြောဆိုလိုက်သည်။

ပေါ့ဂ်ဘာ ၁၉ မိနစ်သာကစားခဲ့ရပြီး ဒဏ်ရာရခဲ့သည့် ဘေဆယ်နှင့်ချန်ပီယံလိဂ်ပွဲစဉ်ပြီးနောက် ဆူးနက်စ်က ပေါ့ဂ်ဘာမှာ YouTube သုံးစွဲသူတစ်ယောက်နှင့်သာတူနေပြီး အရန်ခုံမှထလာပြီးဂိုးသွင်းသည့် ဖယ်လိုင်နီ၏စွမ်းဆောင်မှုမျိုးကို ပေါ့ဂ်ဘာထံ မြင်တွေ့ချင်ခဲ့ကြောင်း ပြောသည်။

“ပေါ့ဂ်ဘာကို ဖယ်လိုင်နီလုပ်သလို အရိုးဆုံးနဲ့အကောင်းဆုံးကစားဖို့ မျှော်လင့်ခဲ့မိတာပါ။ ဖယ်လိုင်နီကပိုကောင်းတယ်လို့ ကျွန်တော်မပြောဘူးနော်။ သူကပိုခြိမ်းခြောက်နိုင်တယ်၊ ပိုထိရောက်တယ်လို့   ပြောချင်တာပါ။ ဖယ်လိုင်နီကမျက်လုံးထဲမှာကြည့်ရ တာ အဆင်မပြေသလို ခပ်ကြမ်းကြမ်းစရိုက်လည်းရှိပေမယ့် လူဆိုးတစ်ယောက်တော့ မဟုတ်ပါဘူး။

ကျွန်တော်က ပေါ့ဂ်ဘာကို ကွင်းလယ်မှာ ဘောလုံးယူမယ်၊ ရိုးရိုးပေးမယ်၊ ဒါမှမဟုတ် ပါးပါးနပ်နပ်ပေးမယ်။ မဟုတ်ရင် ဧရိယာထဲ ဆွဲဝင်မယ်ဆိုတာမျိုး မြင်ချင်တာပါ။ ပေါ့ဂ်ဘာမှာ ဂိုးဧရိယာဘောလုံးဆွဲဝင်ပြီးရင် ကွင်းလယ်မှာနေရာပြန်ယူနိုင်စွမ်းရှိတဲ့ ခြေထောက်တွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒီညမှာသူအဲဒီလိုမလုပ်ခဲ့ဘူး။ အဲဒါကျွန်တော်မေးချင်တဲ့မေးခွန်းပဲ”ဟု ဆူးနက်စ်ကဆိုသည်။

စီးရီးအေဖလား လေးကြိမ်၊ ကိုပါအီတာလီယာဖလား နှစ်ကြိမ်၊ EFL နှင့် ယူရိုပါလိဂ်တစ်ကြိမ်စီရထားသည့် အသက် ၂၄ နှစ် အရွယ် ပေါ့ဂ်ဘာ၏ကစားသမားဘဝတွင်   အောင်မြင်မှုများစွာ မရရှိခဲ့မှုအပေါ်တွင်လည်း ဆူးနက်စ်က ဝေဖန်ခဲ့သည်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly