ဟာရီကိန်းမုန်တိုင်းဘေးသင့်ပြည်သူများအတွက် အနုပညာရှင်များက တစ်တပ်တစ်အား ၀ိုင်းဝန်းကူညီ

ဟာရီကိန်းမုန်တိုင်းဘေးသင့်ပြည်သူများအတွက် အနုပညာရှင်များက တစ်တပ်တစ်အား ၀ိုင်းဝန်းကူညီ

 

ဂျက်စတင်ဘီဘာ၊ နစ်ကီမီနာ့ချ်၊ လီယိုနာဒိုဒီကာပရီယိုနှင့် အခြားသောအမေရိကန်အနုပညာရှင်များသည် ဟာရီကိန်းမုန်တိုင်း ဟာဗေးနှင့် အာမာတို့ကြောင့် ဒုက္ခရောက်ခဲ့ရသော ပြည်သူများအတွက် ရန်ပုံငွေများ ရှာဖွေ ပေးလျက်ရှိသည်။

လော့စ်အိန်ဂျယ်လိစ်၊ နယူးယောက်နှင့် နက်ရှ်ဗီလီတို့ကဲ့သို့သော အမေရိကန်ရှိမြို့ကြီးများ၌ အလှူငွေများရရှိ ရန် ကြိုးပမ်းနေကြပုံကို တီဗီအစီအစဉ်မှ ထုတ်လွှင့်လျက်ရှိနေပြီး ဒီမီလိုဗာတိုနှင့် အက်ရှာတို့ကဲ့သို့သော အဆိုတော်များကလည်း ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ကြသည်။

“ ကျနော်တို့က ခင်ဗျားတို့ကို ဒီအတိုင်းကြည့်မနေစေချင်ပါဘူး။ ခင်ဗျားတို့တတ်နိုင်သလောက် ပါဝင်လှူဒါန်း ကြဖို့ ကျနော်တို့မျှော်လင့်ပါတယ်။ အများကြီးဖြစ်စရာမလိုပါဘူး” ဟု ဂျက်စတင်ဘီဘာက အစီအစဉ်ကို ကြည့်ရှု နေသူများအား ပြောကြားခဲ့သည်။

ဘရုစ်ဝီလိစ်၊ အယ်လ်ပါစီနို၊ မာလင်အက်ခါမန်၊ ထရေစီမော်ဂန်၊ အူဇိုအဘူဘာ၊ စတိဗ်ဘတ်စီမီတို့ကလည်း နယူးယောက်တိုင်းမ်ရင်ပြင်ရှိ စတူဒီယို၌ ပြုလုပ်နေသော လှူဒါန်းမှုအတွင်း ပါဝင်ကူညီခဲ့ကြသည်။

အင်စတာဂရမ်၌ ပရိသတ်အများဆုံးရှိသော အနုပညာရှင်ဖြစ်သည့် ဆယ်လီနာဂိုမက်ဇ်ကလည်း သူမ၏ အင်စတာဂရမ်၌ ဗီဒီယိုတစ်ခုကိုတင်ခဲ့ကာ တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီကြရန် သူမ၏ပရိသတ် ၁၂၆ သန်းကို တိုက်တွန်းပြောကြားခဲ့သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly