သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်အငြိမ်းစားပါမောက္ခချုပ် ဦးဘမြင့် နှင့်သွားနှင့်ခံတွင်း ပြဿနာများကိုဆွေးနွေးခြင်း အပိုင်း(၁)

သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်အငြိမ်းစားပါမောက္ခချုပ် ဦးဘမြင့် နှင့်သွားနှင့်ခံတွင်း ပြဿနာများကိုဆွေးနွေးခြင်း အပိုင်း(၁)

မဇ္ဈိမပရိတ်သတ်များ၏ ကျန်းမာရေးပြဿနာများဖြေကြားပေးခြင်း။

 

မဇ္ဈိမ -ဆရာကြီးခင်ဗျာကျွန်တော်တို့လူတွေမှာခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကတော့မရှိမဖြစ် ဖြစ်ပါတယ်။ အဲ့ဒီထဲကတစ်ခုသွားမရှိဘူးဆိုရင် အကျိုးဆက်ကဘာဖြစ်မလဲ၊ ဥပမာအသက်ကြီးတဲ့သူတွေ သွားကျိုးလွယ်တဲ့သူတွေ အကျိုးဆက်ကဘာဖြစ်နိုင်မလဲ။

PROF: UBM - သွားရဲ့တန်းဖိုးကနံပါတ်တစ်ကစားဖို့ ဝါးဖို့ပါ။ သို့သော်လည်းစားဖို့ ဝါးဖို့တစ်ခုတည်းတင် လည်းမဟုတ်ဘူး။Speak ပေါ့ ပြောတာဆိုတာကသွားရှိတာနဲ့ မရှိတာ မတူဘူးပေါ့နော်။ နောက်တစ်ခုကလူတစ်ယောက်ရဲ့ Personality တွေပေ့ါနော် သွားရှိတာမရှိတာနဲ့ လုံးဝမတူပါဘူး။ အဓိကကတော့ ဝါးဖို့စားဖို့အတွက်ပဲသူ့ရဲ့အခြား Others Function တွေလည်းအများကြီးရှိုတယ်။ တကယ်လို့ ဝါးတယ်ဆိုရင် ဝါးဖို့စားဖို့အသုံးပြုမပြုနိုင်ဘူးဆိုရင် နောက်ဆက်တွဲ ပြဿနာတွေအများကြီး ဖြစ်လာနိုင်တယ်။ ဥပမာအစာကိုညက်အောင် မစားနိုင်ဘူး။ ဒါမျိုးတွေဖြစ်လာမယ်။စားချင်သလောက် စားလို့မရနိုင်ဘူးဒါမျိုးတွေဖြစ်လာနိုင်တယ်။ သွားမရှိဘဲနေတာလည်းကောင်းတယ်လို့တော့ ဘယ်လိုမှ ကျွန်တော်တို့ ပြောလို့မရတဲ့ အချက်တစ်ချက်ပေါ့နော်။

မဇ္ဈိမ -နောက်တစ်ခုကတော့ဘယ်အခြေအနေတွေမှာသွားကျိုးတတ်လဲဒါမှမဟုတ်လို့ရှိရင်ဘယ်အစားအသောက်ကိုစားလို့ရှိရင် သွားကိုထိခိုက်စေသလဲခင်ဗျာ။

PROF: UBM- ဘယ်အခြေအနေမှာသွားကျိုးနိုင်သလဲဆိုတဲ့အခါသွားကပုံမှန်ဆိုရင် ၆လ ၇လတွေဆို ငယ်သွားတွေပေါက်တယ်။ အဲတော့လူကြီးသွားတွေ မတွက်ဘူးဆိုရင် ၆နှစ် ၇နှစ်ဆိုရင် အထူးသဖြင့် ၆နှစ် ၆နှစ်ခွဲဆိုရင် ငယ်သွားတွေစပြီးတော့ လဲတာပဲ။ လဲတယ်ဆိုတာကသွားကျိုးတယ်ဆိုတာမမှားဘူးပေါ့နော်။ ဒါပေမဲ့ တစ်ခုသတိထားရမှာကအထူးသဖြင့် ကလေးမိဘတွေ သတိထားရမှာ အဲဒီ၆နှစ် ၇နှစ်တွေမှာရှေ့ကသွားမှာကျိုးပြီးတော့ သူ့ဟာသူအလိုလိုပဲ ကျွတ်သွားတာပဲဖြစ်ဖြစ် နဲ့နေလို့နုတ်ပစ်လိုက်တာပဲဖြစ်ဖြစ် အဲ့မှာသွားသစ်ထွက်လာသလိုပဲနောက်မှာမလဲဘဲနဲ့  သွားထွက်လာတဲ့ အံသွားတွေရှိပါတယ် ။ အဲလိုဆိုရင် သွားပေါက်တဲ့အသက်သည် ၆နှစ် ၆နှစ်ခွဲကလေးပဲရှိသေးတယ်။ ထွက်တဲ့သွားတွေကလူကြီးသွားပေါ့ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ကလေးသွားတွေအားလုံးအပေါ်အောက်သွားတွေဆိုအချောင်းနှစ်ဆယ်ပဲရှိတယ်။ လူကြီးသွားကသုံးဆယ့်နှစ်ချောင်းကွာခြားချက်ကဆယ့်နှစ်ချောင်းဖြစ်နေတယ်။  အဲဒီဆယ့်နှစ်ချောင်းသည် အချောင်းနှစ်ဆယ်မလဲဘဲနဲ့ကိုသူ့ဟာသူထွက်လာတဲ့သွား၊ အဲဒီဆယ့်နှစ်ချောင်းထဲကပထမဦးဆုံးသောလေးချောင်းပေါ့ဗျာ၊ တပြိုင်နက်တည်းတော့ မထွက်ပါဘူး။   အောက်သွားအရင်ထွက်တယ်၊ အံသွားပေါ့၊ အံအကြီးလို့ခေါ်တယ်၊ အံအသေးမဟုတ်ဘူး၊ အံအကြီးပေါ့နော်။ အင်္ဂလိပ်လိုmolarပေါ့။ အဲတော့ First permanentmolarသည် ၆နှစ် ၆နှစ်ခွဲမှာထွက်တဲ့အခါကျတော့ ထွက်လာတဲ့အချိန်ကျတော့ ကလေးကအဲ့ဒီနေရာသွားထွက်လို့နာထဲအခါလည်းရှိတယ်။ နာလည်းမနာဘူး၊ သည်သွားပေါက်ပြီးတော့တိုင်အောင် လူကြီးကသာကလေးသွားထင်ကြတာပါ။ သည်ဟာရှေ့သွားတွေကသူကလဲပြီးမှာအသစ်ပေါက်လို့ ကြီးသွားမှန်းသူတို့သိတာ။ နောက်ကထွက်လာတယ် ကြီးသွားမှန်းမသိဘူး၊ နောက်မှနာတယ် ကလေးသွားလို့ပဲထင်ပြီး လာပြတဲ့အခါကျတော့   တော်တော်လေးအခြေအနေဆိုးမှ  ကျွန်တော်တို့ဆိုလိုရှိရင် သည်ဟာကိုနုတ်ပစ်ရမှာလည်းခက် သူ့ကို Save လုပ်ပြီးလုပ်ဖို့ဆိုတာကလည်းခက်။ လူကြီးတွေနားလည်ထားရမှာကကလေးကတော့ သူသိမှာမဟုတ်ဘူးကလေးသွားလားလူကြီးသွားလားသူဘာမှသိမှာမဟုတ်ဘူး။ ၆နှစ်အရွယ်ပဲရှိသေးတာ၊ ဒါပေမဲ့နောက်ကသွားက ၆နှစ်ဆိုလို့ရှိရင် ၆နှစ် ၆နှစ်ခွဲပေါ့ဗျာ၊ တစ်ခါတစ်လေနောက် ၇နှစ်ပေါ့ဗျာ၊ ဒါဆိုရင် နည်းနည်းတောင်နောက်ကျနေပြီ ။ အချိန်မှာ ကြီးသွားတွေ အံသွားတွေစထွက်ပြီဆိုတာကသူကအောက်ကိုဘယ်တစ်ချောင်းညာတစ်ချောင်းအပေါ်ကိုဘယ်တစ်ချောင်းညာတစ်ချောင်းဆိုတော့ကာလေးချောင်းပေါ့၊ အဲ့သည့်လေးချောင်းက ကျွန်တော်တို့သွားလူကြီးတွေမှာရှိတဲ့ သုံးဆယ့်နှစ်ချောင်းထဲမှာတန်ဖိုးအကြီးဆုံးသွားတွေ။ တန်ဖိုးအကြီးဆုံးသွားတွေဆိုတော့ အခိုင်ခံ့ဆုံး ကြီးတယ်၊ ဝါးတဲ့အားတွေ ကောင်းတယ်။ ဝါးအားတွေ ခံနိုင်တယ်ဆိုတော့ တန်ဖိုးကြီးတယ်လို့ အဲသလိုသတ်မှတ်တယ်။ အဲသည်တော့ အဲဟာတွေ သည်အချိန်မှာပေါက်မယ်ဆိုတာကိုလူကြီးတွေကဒါကိုသတိထားဖို့လိုပါတယ်။ အဲနေရာမှာအမဲစက်ကလေးပဲဖြစ်ဖြစ် အပေါက်ကလေးပဲဖြစ်ဖြစ် အစာညှပ်တယ်ပဲဖြစ်ဖြစ် အချိန်မရွေးသူကသွားဆေးခန်းကိုသွားပြပြီးတော့မှ လိုအပ်သလိုကုသမှခံယူမယ်ဆိုရင် သည်သွားတွေကနောက်ထပ်နှစ်ပေါင်းများစွာသုံးရမယ့်သွားတွေ သတိထားဖို့ လိုပါတယ်။ 

မဇ္ဈိမ - ကျွန်တော်တို့ရဲ့ လူနေမှုပုံသဏ္ဍန်ကို ပြန်ကြည့်မယ်ဆိုရင် သွားကျန်းမာရေးအတွက် ကျွန်တော်တို့ မျက်နှာသစ်တယ်၊ ပုံမှန်အားဖြင့်ဆိုရင်တော့ ကျွန်တော်တို့ ငယ်ငယ်တုန်းကဆိုရင် မိဘတွေကသင်တယ်ပေါ့နော်၊ မနက်မိုးလင်းအိပ်ရာထမှ သွားတိုက်တဲ့အလေ့အကျင့်ရှိတယ်။ ကြီးလာမှသိတဲ့အခါကျတော့ ညဘက်မအိပ်ခင် သွားတိုက်ရမယ်ဆိုတဲ့ အလေ့အထရှိတယ်ပေါ့နော်။ဒါပေမဲ့ ကျွန်တော်တို့ ငယ်ငယ်ကမိုးလင်းမှ သွားတိုက်ပြီးကျောင်းသွားတယ် ဘာတို့ညာတို့ပေါ့နော်။ အဲဒါကိုရောဆရာကြီးဒီအမူအကျင့်ကရောဘယ်လောက်ထိသွားကျန်းမာရေးအတွက် ထိခိုက်စေသလဲ၊ တစ်ခါပဲတိုက်တဲ့ ပြဿနာပေါ့။ညဘက်မတိုက်ဘဲနဲ့ အိပ်တဲ့ ပြဿနာ။

PROF: UBM -တစ်ခုတော့ရှိတယ် ညဘက်မတိုက်ဘဲအိပ်တာဆိုတာကတော့  တော်တော်လေးမကောင်းဘူးပေါ့နော်။ သွားဘယ်နှစ်ခါတိုက်ရမလဲလို့ မေးလို့ရှိရင် အချို့ကလည်းသိပ်ပြီးတော့ ကိုယ့်သွားကိုအရမ်းသန့်ရှင်းချင်တယ်၊ သွားကိုက်မှာသွားနုတ်မှာကိုအရမ်းစိုးရိမ်ပြီးတော့ သွားကိုတစ်နေ့ဆယ်ခါ တိုက်တယ်ဆိုတော့ကဒါကျတော့မလိုဘူးထင်တယ်။ အနည်းဆုံးနှစ်ကြိမ်တော့ တိုက်ကိုတိုက်ရမယ်။အဲတော့ မနက်တစ်ကြိမ် ညအိပ်ခါနီးတစ်ကြိမ်၊ ညအိပ်ခါနီးသာသွားကိုသေချာတိုက်ပြီးအိပ်သင့်ပါတယ်။ အိပ်ပြီးဘာမှစားမှာမဟုတ်ဘူးဆိုလို့ရှိရင်တော့ မနက်ထတဲ့အခါ မျက်နှာသစ်မယ် သွားမတိုက်သေးဘူး၊ ပလုတ်တော့ကျင်းရမယ် ၊ ဘာလို့ပလုတ်ကျင်းရမလဲဆိုတော့ သွားတိုက်ခြင်းအားဖြင့် စားကြွင်းစားကျန်တွေ သွားတွေကြားမှာမရှိတော့ဘူးစင်အောင်တိုက်တယ်။ သို့သော်လည်းအိပ်နေတဲ့အချိန်မှာတံတွေးကတော့ထွက်နေမှာပဲ၊ တံတွေးကသွားလာလုပ်ရှားမှုမရှိဘဲ ငြိမ်တော့ငြိမ်နေမှာပဲ၊ပါးစပ်ကလေးတော့ မစားခင်နည်းနည်းတော့ ပလုတ်ကျင်းလိုက်သင့်ပါတယ်။ ကျင်းပြီးတော့မှစားမယ်၊ စားပြီးတော့မှ သွားတိုက်မယ်။ တိုက်ပြီးတော့မှ ကျောင်းသွားမယ်။ အဲတော့ မနက်ခင်းသွားမတိုက်ရဘူးလို့ မဟုတ်ဘူး။ စားပြီးတော့မှတိုက်တာနဲ့ မစားခင်တိုက်။တကယ်လို့များညဘက်မှာသွားမတိုက်မိဘူးဆိုရင်တော့ မနက်ခင်းထပြီးအရင်ဆုံးတိုက်ရမှာ၊ အဲသလိုရှိတယ် နှစ်ကြိမ်တော့ အနည်းဆုံးနှစ်ကြိမ်တော့ တိုက်သင့်တယ်။ တစ်ခါတစ်လေကျတော့လည်းအချိန်အခြေအနေကအဆင်ပြေတယ်။ တစ်ချို့ကတော့ထားပါတယ် ရုံးတွေမှာလည်းရုံးမှာနေ့လည်စာစားပြီးတစ်ခါတိုက်တယ်၊ ဒါကပိုကောင်းပါတယ်။

မဇ္ဈိမ - ဟုတ်ကဲ့ ကျေးဇူးပါ။ နောက်တစ်ခုကဆရာကြီးကျွန်တော်တို့မြန်မာပြည်မှာသိပ်ပြီးတော့ခေတ်မစားသေးဘူး။ ထိုင်းတို့မှာဆိုရင်တော့ အရမ်းခေတ်စားတယ်။ ဒီသွားခြစ်တယ်လို့ခေါ်တယ်၊ သွားကိုသူတို့ ဖြူအောင်လုပ်တယ်ဆိုတာကိုအဲဒါကရော ကျွန်တော်တို့သွားတွေကိုကျန်းမာရေးအတွက်ကောင်းလားဒါမှမဟုတ် ဘာများဆိုးကျိုးရှိနိုင်မလဲ။

PROF: UBM-သွားကိုဖြူအောင်လုပ်တာနဲ့ သွားကိုခြစ်တယ်ဆိုတာကသန့်ရှင်းရေးပေါ့နော်၊လုံးဝမတူပါဘူး၊ သူ့ရဲ့ရည်ရွယ်ချက်ကမတူဘူး၊ သွားသန့်ရှင်းဂေးကလုပ်ကိုလုပ်ရမယ် ကျွန်တော်အဲဒါကိုဆက်ပြောနေရင်အရမ်းကြာနေလိမ့်မယ်။ သွားသန့်ရှင်းရေးကိုလုပ်ကိုလုပ်ရမယ့်အချက် သွားကိုဖြူအောင်လုပ်တယ်ဆိုတာသွားရဲ့နဂိုမူလအရောင်သည် အင်္ဂလိပ်လိုဆိုလိုရှိရင် Yellowish white ပေါ့။ သိပ်ဝါနေတာလည်းမဟုတ်ဘူးအရမ်းကြီးဖြူနေတာလည်းမဟုတ်ဘူး။ သို့သော် Celebrityဆိုလိုရှိရင် သွားကိုဖြူအောင် Whiteningလုပ်တာ။ ဘာ့ကြောင့်Whitening လုပ်တာလဲဆိုတာကကလှချင်လို့လုပ်တာ။ ဒါပေမယ့် သွားသန့်ရှင်းရေးလုပ်တာလှချင်လို့လုပ်တာမဟုတ်ဘူး။ဒါကသွားသန့်ရှင်းရေးသည် ခံတွင်းသန့်ရှင်းရေးကျန်းမာရေးရောတစ်ကိုယ်လုံးကျန်းမာရေးအတွက်ရော လုံးဝဆက်စပ်နေပါတယ်။ ပါးစပ်ထဲမှာသည် သွားဖုံးရောင်တယ်။ ဥပမာပြောတာပေါ့ကျောက်တွေတည်မယ်၊ အဲသည့်ကျောက်တွေကိုသာအနုမြူ မိုက်ခရိုစကုတ်နဲ့သေချာကြည့်မယ်ဆိုရင် သန်းပေါင်းသောပိုးမွှားတွေ ရှိနေမယ်။ သွားတစ်ခုလုံးကပိုးမွှားတွေက တစ်ကိုယ်လုံးကိုသွေးကြောကနေတဆင့်   ပြန့်သွားနိုင်တယ်။တစ်ချိန်တုန်းကဆိုရင် ဘယ်လောက်ထိပဲ ကျွန်တော်တို့ကသုံးသပ်ထားတယ်ဆိုရင် နှလုံးရောဂါခံရှိတဲ့သူတွေသည် သွားနှုတ်မယ်၊ ဒါမှမဟုတ် သိပ်ဆိုးတဲ့သူတွေဆိုရင် သွားသန့်ရှင်းရေးအတွက် သွားခြစ်မယ် သွေးထွက်တဲ့အလုပ်တွေ သွားကုခြင်းကနေတဆင့် သွေးထွက်မယ့်အလုပ်တွေကိုလုပ်မယ်ဆိုရင် မလုပ်ခင်ကတည်းက ကြိုပြီးတော့ပိုးသတ်ဆေးတွေကို   သောက်ရမယ်။ ဒါမှဒီလုပ်လိုက်တဲ့အချိန်မှာ ပိုးတွေကသွေးကြောထဲဝင်သွားရင် ပိုးသတ်ဆေးကအဆင်သင့်ရှိနေတော့ သူ့ကို နှလုံးပေါ်မှာမတင်မိအောင်ပေါ့ဗျာ။ ဒါကနဂိုကတည်းက သည်ကောင်ကရှိပြီးသား၊ သို့သော်လည်းသည်ခေတ်အတွေးအခေါ်ကပြောင်းသွားပြီးသည်ထက်ပိုပြီးအရေးပါတယ် ဘယ်လိုအရေးပါလည်းဆိုရင် သည်နှလုံးရောဂါကမရှိတာတောင်မှ သွားကျန်းမာရေးမကောင်းလို့ သွားထဲကပိုးတွေထုတ်တဲ့ အဆိပ်တို့ နောက်အဲ့ဒီသွားဖုံးကရောင်နေတဲ့အတွက် ကျွန်တော်တို့ သွေးဖြူဥကောင်တွေ တက်လာမယ်။ တက်လာတယ်ဆိုတာက ကျွန်တော်တို့ ကြောက်သွားဖို့မဟုတ်ဘူး ။ သွေးကင်ဆာဖြစ်လို့ သွေးဖြူဥများလာလို့မဟုတ်ဘူးသွေးဖြူဥကောင်းတွေတက်လာမယ်။ သွေးထဲမှာရှိတဲ့ ဓာတ်တချို့တက်လာမယ်၊   သွေးကပြစ်သွားမယ်၊ ပြစ်သွားပြီတော့ သွေးကြောတွေထဲမှာဒါတွေကကပ်နိုင်တဲ့အခါကျတော့ သွားဖုံးမကောင်းလို့ သွားကျန်းမာရေးမကောင်းလို့ ခံတွင်းမသန့်လို့ နှလုံးရောဂါစဖြစ်နိုင်တဲ့ အတွေးအခေါ်တွေတောင် ဖြစ်လာပြီးတော့ သွားကျန်းမာရေးအတွက်ကိုတခြားဟာလုပ်ချင်လုပ်ပါ မလုပ်ချင်မလုပ်ပါနဲ့ အဓိကကတော့ ခံတွင်းသန့်ရှင်းရေးကိုတော့ လုပ်ကိုလုပ်ရမယ်။ သွားကိုဖြူအောင်လုပ်တာမဟုတ်ဘူးသူ့နဂိုကတော့ သွားသန့်ရှင်းသွားမယ်။ သွားဖုံးသန့်ရှင်းသွားမယ်။

မဇ္ဈိမ -ဟုတ်ကဲ့ပါ ကျေးဇူးပါ။ သည်တစ်ခါ မဇ္ဈိမပရိသတ်များကိုအလှည့်ပေးပါရစေ။ ပထမဆုံးမျိုးမျိုးသန်းဆိုတဲ့တစ်ယောက်ကမေးထားတာကတော့ သူဆေးကုသမှု သူဆရာကြီးနဲ့ ဆေးကုသမှုခံယူချင်ပါတယ်။ ဆရာကြီးရဲ့ ဆေးခန်းနှင့်လိပ်စာကိုပြောပေးပါ မေတ္တာရပ်ခံပါတယ်။

PROF: UBM -အမှန်တိုင်းတော့ ပြောရင်တော့ ပြောမှာပါ ကျွန်တော်ကတော့ ဒီနေ့သည်နေရာကိုရောက်လာတာ ကျွန်တော်အင်းယာကန်ဘောင်မှာလမ်းလျှောက်တယ်။ ကျွန်တော်ရာဘင်ဒြာဂျန်နဲ့ မိတ်ဆွေဖြစ်တယ်။သူကကူညီလို့ ကျွန်တော့်သွားဆေးခန်းကြော်ငြာတဲ့သဘောပေါ့။ဘယ်လိုမှသဘောမထားပါနဲ့ ဒါပေမဲ့တကယ်လို့သွားကင်ဆာနဲ့ပတ်သက်လို့ရှိရင် အချိန်မရွေးလာခဲ့ပါ။ ကျွန်တော်တို့ တက္ကသိုလ်ရိပ်မွန်ကွန်ဒိုCompound ထဲမှာ ဒန့်မြန်မာဆိုပြီးဖွင့်ထားပါတယ်။ တက္ကသိုလ်ရိပ်မွန် ကွန်ဒို (C) မှာပါ။

မဇ္ဈိမ -ဆရာကြီးနောက်တစ်ယောက် မေးခွန်းကတော့ ရေခဲရေမဟုတ်ပဲရိုးရိုးရေသောက်တာတောင် ကျဉ်နေလို့ပါဆရာဘာလုပ်ရမလဲရှင့်လို့ မေးလာပါတယ်။

PROF: UBM    ။သွားကျဉ်တဲ့အတိုင်းအတာဘယ်လောက်ရှိလဲဆိုတာအပေါ် မူတည်ပါတယ်။ သို့သော်လည်းသာမာန်အားဖြင့်တော့ အသက်ပေါ်မှာလည်းမူတည်ပါတယ်။ ဘာလို့လဲဆိုတော့ သွားတွေကအသက်ကြာလာတဲ့အမျှအသက်ရလာတဲ့အခါမှာသုံးဆယ် လေးဆယ်အဲ့သလိုပေါ့ ဆယ့်ငါးလေးနှစ်အရွယ်မှာ ဖြစ်လေ့ဖြစ်ထမရှိဘူးပေါ့။ မဖြစ်ဘူးလို့တော့ ကျွန်တော်မဆိုလိုပါဘူး။ သို့သော် သွားတွေကအပေါ်ယံအလွှာသွားမှာအပေါ်ဆုံးအလွှာသည် ကြွေသွားသည် ပါးပါးလေးပါ။ သို့သော်အင်မတန်မှမာတယ်၊ စားရင်းဝါးရင်းဒီကြွေသွားသည် ပွန်းသွားပြီ ဆင်စွယ်အနှစ်အလွှာသည်   ပေါ်သွားပြီတော်ရုံတန်ရုံအေးတာတို့ ပူတာတွေကကျဉ်တာကိုသိမှာပဲဒါကိုဘယ်လိုလုပ်ရမလဲဆိုတော့ မေးတဲ့အခါကျတော့ သည်ဟာကိုတော့ ကျွန်တော်တို့ ထုံဆေးလို့လည်းခေါ်တယ် သွားကျဉ်တာကိုသက်သာစေတယ်။ သွားကျဉ်တာကိုသက်သာစေတဲ့ ငုံဆေးတွေလည်းရှိပါတယ်။ အချို့သွားတိုက်ဆေးတွေမှာသွားကျဉ်တာကိုမှ ဥပမာကြော်ငြာတွေမှာဆိုရင် ဆင်ဆိုဒိုင်းတို့ရှိတာပဲဒါကသွားကျဉ်တာကိုသက်သာစေတဲ့ဆေး။ အခြားဆေးတွေလည်းရှိပါတယ် သည်လိုပဲဆင်ဆိုဒိုင်းလိုကောင်းတဲ့ဆေးတွေကို City Mart တွေမှာလည်း ဝယ်လို့ရပါတယ်။ သွားကျဉ်တာကိုဆေးတစ်ရက်သုံးရုံနဲ့တော့ မသက်သာနိုင်ပါဘူး။ ဖြေးဖြေးချင်းတော့ သက်သာသွားမှာပါ။

အပိုင်း( ၂)ကိုဆက်လက်ဖော်ပြပေးပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required