ယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို လာမယ့်သောကြာနေ့မှာ ကစားမည်

ယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို လာမယ့်သောကြာနေ့မှာ ကစားမည်
(ဓာတ်ပုံ - သူရ/မဇ္ဈိမ)

AFF ယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို လာမယ့်သောကြာနေ့၊ စက်တင်ဘာ ၁၅ ရက်နေ့ မြန်မာစံတော်ချိန် ညနေ (၃း၀၀) နာရီအချိန်မှာ အင်ဒိုနီးရှားအသင်းနှင့် ထိုင်းအသင်း၊ မြန်မာ ယူ-၁၈ အသင်းက မလေးရှားအသင်းနှင့် မြန်မာစံတော်ချိန် ညနေ (၆း၀၀)နာရီတို့မှာ ကစားသွားမှာဖြစ်ကြောင်း သိရပါတယ်။

မြန်မာယူ-၁၈အသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဗီယက်နမ်အသင်းကို (၂-၁)ဂိုးဖြင့် အနိုင်ရယူပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

မြန်မာအသင်းဟာ ဗီယက်နမ်ကို ပွဲချိန် တစ်မိနစ်မှာ တင်ဂိုးပေးခဲ့ရပြီးနောက်ကနေ အသည်းအသန်လိုက်ကစားခဲ့ရသည်။ ဒုတိယပိုင်းမှာ မြတ်ကောင်းခန့်နှင့် လူစားဝင်လာတဲ့ ကစားသမား လွင်မိုးအောင်တိုရဲ့ ချေပဂိုးနှင့် နောက်ကျအနိုင်ဂိုးတွေကြောင့်သာ အနိုင်ရခဲ့တာဖြစ်ပါတယ်။

အုပ်စု (က) မှာ မလေးရှားအသင်းက အုပ်စု ပထမ၊ ထိုင်းအသင်းက အုပ်စု ဒုတိယ ရရှိပြီး အုပ်စု (ခ) မှာ အင်ဒိုနီးရှားအသင်းက အုပ်စု ပထမ၊ မြန်မာအသင်းက အုပ်စု ဒုတိယဖြင့် အကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ကြပါတယ်။

ဆီမီးဖိုင်နယ်ပွဲစဉ် ကြိုတင်လက်မှတ်များကို စက်တင်ဘာလ (၁၄) ရက်နေ့ နံနက် (၁၁း၀၀) နာရီမှ ညနေ(၅း၀၀) နာရီအထိ လှည်းတန်းစင်တာ၊ သုဝဏ္ဏအားကစားကွင်း ပြွန်လမ်းဝင်ပေါက် (အသင်းတိုက်မှတ်တိုင်အနီး)၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရုံးရှေ့ (သုဝဏ္ဏကွင်းဘက်ခြမ်း) တိုမှာ ရောင်းချပေးသွားမှာဖြစ်ပြီး လက်မှတ်ခ နှုန်းထားများကို အထူးတန်း (၃၀၀၀) ကျပ်၊ ရိုးရိုးတန်း (၂၀၀၀) ကျပ်၊ (၁၀၀၀) ကျပ် သတ်မှတ်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly