ရီးယဲလ်မက်ဒရစ်နှင့် မာဆယ်လို ၂၀၂၂ ခုနှစ်အထိ စာချုပ် သက်တမ်းတိုး

ရီးယဲလ်မက်ဒရစ်နှင့် မာဆယ်လို ၂၀၂၂ ခုနှစ်အထိ စာချုပ် သက်တမ်းတိုး
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ် နောက်ခံလူ မာဆယ်လိုဟာ ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့ကြောင်း စပိန်ကလပ်အသင်းက ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။

ဘရာဇီးဘယ်နောက်ခံလူဟာ ရီးယဲလ်အသင်းမှာ ၂၀၀၆ ခုနှစ်၊ ဇန်နဝါရီလက ရောက်ရှိခဲ့ပြီး ပွဲပေါင်း ၂၉၆ ပွဲ ကစားခဲ့ပြီးနောက် ချန်ပီယံလိဂ်ဖလား ၃ ကြိမ်၊ လာလီဂါချန်ပီယံဆု ၄ ကြိမ်အပါအဝင် အောင်မြင်မှုများစွာ ရရှိခဲ့သူဖြစ်ပါတယ်။

"ရီးယဲလ်မက်ဒရစ်နှင့် မာဆယ်လိုတို့ဟာ ကစားသမားရဲ့ စာချုပ်ကို သက်တမ်းတိုးဖို့ သဘောတူညီခဲ့ပါတယ်။ သူဟာ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်အထိ ကလပ်အသင်းမှားရှိနေမှာဖြစ်ပါတယ်။"လို့ စပိန်ကလပ်အသင်းက ၎င်းတို့ရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်မှတဆင့် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မာဆယ်လိုဟာ ပြီးခဲ့သည့်စနေနေ့က ကစားခဲ့တဲ့ လီဗန်တေးအသင်းနှင့် (၁-၁)ဂိုးစီသရေကျခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ ပြိုင်ဘက်နောက်ခံလူ ဂျက်ဖာဆန်ကို ကန်ခဲ့တာကြောင့် နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရပြီး လာမယ့် လာလီဂါပွဲစဉ်နှစ်ပွဲကို လွဲချော်မှာဖြစ်ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags