မျက်နှာဖုံးစွပ်ပါ အနက်ရောင်ဝတ်စုံ နှင့် ရီမုမိုင်း ၂ လုံးတွေ့ရှိခဲ့

မျက်နှာဖုံးစွပ်ပါ အနက်ရောင်ဝတ်စုံ နှင့် ရီမုမိုင်း ၂ လုံးတွေ့ရှိခဲ့
ဓာတ်ပုံ-သတင်းထုတ်ပြန်ရေးကော်မတီ

စက်တင်ဘာ ၁၃ ။           ။ ယမန်နေ့ စက်တင်ဘာ ၁၂ ရက် ညနေပိုင်းတွင် မောင်တောမြို့နယ်အတွင်းရှိ တုံးချောင်း ချောင်းဝကင်းစခန်းနှင့် မီတာ ၁၀၀ အကွာရှိ လောင်းလှေတစ်စီးအပေါ်၌ ရီမုမိုင်း ၂ လုံးနှင့် မျက်နှာဖုံးစွပ်ပါ အနက်ရောင်ဝတ်စုံတစ်စုံတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်သည်။  

ထိုသို့တွေ့ရှိရသည့် မနက်ခင်းပိုင်းတွင် မောင်တောမြို့နယ် အတွင်းရှိ ချောင်းဝကင်းစခန်းများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံစစ်ဆေးရာ မီးတိုက်ချောင်း၀ ကင်းစခန်း၊ နံ့သာတောင်   ချောင်းဝကင်းစခန်း နှင့် သင်္ဘောလှ ချောင်းဝကင်းစခန်းတို့အား ARSA အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးထားကြောင်း သိရသည်။

အဆိုပါဝတ်စုံအနက်များအား အကြမ်းဖက်သမားများ အသုံးပြုခဲ့သည်ဟု အစောပိုင်းက သတင်းများတွင် ဖော်ပြခဲ့ပြီးနောက် ယခု ထပ်မံတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

သြဂုတ် ၂၅ ရက် နံနက်စောစောအချိန်မှစ၍ မောင်တောဒေသအတွင်းရှိ နယ်ခြားစောင့်ရဲစခန်း ၃၀ ကျော်အား တစ်ပြိုင်နက်တည်း တိုက်ခိုက်ခံခဲ့ရပြီး ယနေ့အချိန်အထိ နယ်မြေရှင်းလင်းဆောင်ရွက်နေရဆဲဖြစ်သည်။

အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ရခိုင်တိုင်းရင်းသားများနှင့် အစ္စလာမ်ဘာသာဝင်များအပြင် ဟိန္ဒူဘာသာဝင်များ၊ ဒိုင်းနက်လူမျိုးများ၊ မြိုလူမျိုး များ အပါအဝင် အပြစ်မဲ့ပြည်သူများ အသက်ဆုံးရှုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ခဲ့ရပြီး ဒေသခံ တိုင်းရင်းသားပြည်သူများသည် နေရာဒေသအများအပြားသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly