နယူးယောက်၊ အမေရိကန်၊ စက်တင်ဘာ ၁၃ ။ ။ လွန်ခဲ့သော ၂၀၁၆ ခုနှစ်က သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး ပြုလုပ်စဉ်ကာလက မှတ်တမ်း များကို စာအုပ်အဖြစ်ရေးသားပြီး အင်္ဂါနေ့တွင် စတင်ထုတ်ဝေခဲ့သည့် ဟီလာရီကလင်တန်က ဒေါ်နယ်ထရမ့်၏ အပေါင်းအပါများသည် အမေရိကန်ရွေးကောက်ပွဲ၌ ရုရှားတို့ဝင်ရောက်နှောင့်ယှက်နိုင်အောင် အကူအညီပေးခဲ့ ကြကြောင်း ပြောဆိုခဲ့သည်။
သမ္မတရွေးကောက်ပွဲ၌ ရှုံးနိမ့်ခဲ့သော ဒီမိုကရက်တစ်ကိုယ်စားလှယ်လောင်းဖြစ်သူ ကလင်တန်က ထရမ့်၏ မဲဆွယ်စည်းရုံးရေး တာဝန်ခံများနှင့် အပေါင်းအပါများသည် ရုရှားတို့နှင့် တိုက်ရိုက်ဆက်သွယ်ခဲ့သည်မှာ လုံးဝသေချာကြောင်း USA Today သတင်းစာသို့ ပြောဆိုခဲ့သည်။
“ထရမ့်နဲ့ သူ့ရဲ့လုပ်ငန်းတွေဟာ ရုရှားတို့ရဲ့ငွေကြေးတွေနဲ့ လည်ပတ်နေပြီး သူတို့ကြားမှာ ငွေကြေးအရှုပ်အရှင်း တွေရှိမယ်ဆိုတာကို ကျမစိတ်ထဲက သေချာသိနေပါတယ်” ဟု ဟီလာရီကလင်တန်က ရွေးကောက်ပွဲမှတ်တမ်း များအကြောင်း ရေးသားထားသည့် သူမ၏ပထဦးဆုံးစာအုပ် What Happened အတွက် လက်မှတ်ထိုးပွဲ မပြု လုပ်မီတွင် သတင်းဌာနသို့ပြောဆိုခဲ့သည်။
“ထရမ့်ရဲ့မဲဆွယ်စည်းရုံးရေး တာဝန်ရှိသူတွေနဲ့ အခြားအပေါင်းအပါတစ်စုဟာ ရုရှားနဲ့ သူတို့ရဲ့ကြားက ဆက်သွယ်မှုကို ဖုံးဖိနိုင်အောင် အထူးကြိုးပမ်းနေတယ်ဆိုတာ ကျမစိတ်ထဲက သေချာသိနေပါတယ်” ဟု သူမက ဆက်လက်ပြောဆိုခဲ့သည်။
ထရမ့်၏ မဲဆွယ်စည်းရုံးရေးကာလအတွင်းက ရုရှားတို့နှင့် ဆက်သွယ်ခဲ့သည်ဆိုသော စွပ်စွဲချက်များကို အထူးတရားရုံးချုပ်ရှေ့နေ ရောဘတ်မူလာနှင့် လွှတ်တော်နှင့်ဆိုင်သော ကော်မတီဝင်များက ဦးဆောင်စစ်ဆေး နေလျက်ရှိသည်။
“ အဆုံးသတ်ရောက်တဲ့အချိန်ထိ ပြင်ပကလာတဲ့ ဖိအားတွေအားလုံးက ကျမဆီကို တည့်တည့်ကြီးဝင်လာနေခဲ့ ပါတယ်” ဟု ဟီလာရီကလင်တန်က နေရှင်နယ်ပတ်ဘလစ် ရေဒီယိုဌာနသို့ ပြောဆိုခဲ့သည်။