အိမ်ဖြူတော်တွင် မလေးရှားဝန်ကြီးချုပ်အား တွေ့့ဆုံစဉ် ထရမ့်က ချီးမွှမ်း

By AFP
13 September 2017
အိမ်ဖြူတော်တွင် မလေးရှားဝန်ကြီးချုပ်အား တွေ့့ဆုံစဉ် ထရမ့်က ချီးမွှမ်း

 

ဝါရှင်တန်ဒီစီ၊ စက်တင်ဘာ ၁၃ ။          ။ အမေရိကန် ကုမ္ပဏီများတွင် မလေးရှားနိုင်ငံက ငွေကြေးရင်းနှီးမြုပ်နှံမှုများအတွက် ဝန်ကြီးချုပ် နာဂျစ်အား ဂုဏ်ယူချီးကျုးပါကြောင်း စက်တင်ဘာ ၁၂ ရက်က အိမ်ဖြူတော်တွင် လာရောက်တွေ့ဆုံစဉ် ထရမ့်က ပြောလိုက်ပြီး အစ္စလာမ်မစ်စစ်သွေးကြွများကို တိုက်ခိုက်ရာတွင် ကူညီခြင်းအတွက်လည်း ကျေးဇူးတင်ကြောင်း ဆိုသည်။

နာဂျစ်နှင့် ထရမ့်တို့ တွေ့ဆုံမှုတွင် နှစ်ဦးစလုံးက နာဂျစ် ဦးဆောင်ကမကထပြုသည့် ဒေါ်လာဘီလီယံပေါင်းများစွာ ရင်းနှီးမြုပ်နှံထားသော နိုင်ငံတော်လုပ်ငန်းကြီးတွင် ကြီးမားသော အကျင့်ပျက်ခြစားမှုများ ဖြစ်နေသည့် သတင်းနှင့် ပတ်သက်ပြီး တစ်ခွန်းတစ်လေမျှ ဟခဲ့ခြင်း မရှိပေ။

မလေးရှားနိုင်ငံပိုင် ကော်ပိုရေးရှင်းလုပ်ငန်းစုကြီးဖြစ်သည့် နာဂျစ်ထူထောင်သော 1MDB တွင် ရာဇဝတ်မှုမြောက်သော အမှားအယွင်း ကျူးလွန်မှု မရှိကြောင်း မလေးရှားအစိုးရက ငြင်းထားသည်။ သို့သော် အမေရိကန်နှင့် နိုင်ငံတစ်ချို့မှ ထောက်လှမ်းရေးများက 1MDB သည် ကမ္ဘာလုံးဆိုင်ရာ အလွဲသုံးစားမှုနှင့် ငွေကြေးခဝါချမှုများ ရှိနေသည်ဟု ပစ်မှတ်ထားလျက်ရှိခြင်း ဖြစ်သည်။

နာဂျစ်နှင့် နီးစပ်သူများသည် ဒေါ်လာဘီလီယံများစွာ ခိုးယူမှုရှိနေကြောင်း အမေရိကန်တရားရေးဝန်ကြီးဌာနက ပြောထားသကဲ့သို့ အမေရိကန်မှ ပိုင်ဆိုင်မှုအာမခံအက်ဆက်များ ဝယ်ယူရန် 1MDB ရန်ပုံငွေမှ ဒေါ်လာပေါင်းများစွာကို အသုံးချနေခြင်းအား ဗဟိုအစိုးရအနေဖြင့် ဒေါ်လာ ၁ ဒဿမ ၇ ဘီလီယံအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး လုပ်ဆောင်လျက် ရှိနေချိန်လည်း ဖြစ်သည်။

နာဂျစ်နှင့် အိမ်ဖြူတော်တွင် ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံမှု၌ အဆိုပါ 1MDB အရှုပ်တော်ပုံအား ပြောဆိုသည်ကို မကြားသိရကြောင်း အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ ဆာရက်ဟူကာဘီဆန်းဒါးစ်က စက်တင်ဘာ ၁၂ ရက် နှောင်းပိုင်းတွင် ပြောသည်။

ထိုတွေ့ဆုံမှုတွင် ထရမ့်နှင့် နာဂျစ်တို့က စီးပွားရေးဖွံ့ဖြိုးမှုနှင့် အကြမ်းဖက်ချေမှုန်းရေးလုပ်ငန်းစဉ်များကဲ့သို့ နယ်ပယ်များတွင် သဘောတူညီမှုရရေးကို ပစ်မှတ်ထားဆွေးနွေးခဲ့ကြသည်။

“ဝန်ကြီးချုပ် နာဂျစ်ခင်ဗျာ။ အမေရိကန်မှာ၊ အိမ်ဖြူတော်မှာ ခင်ဗျားကို လက်ခံတွေ့ဆုံရတာက အလွန်ဂုဏ်ယူစရာပါပဲ။”ဟု ထရမ့်က ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags