စီရော်လ်နယ်ဒို ပြန်လည်ပါဝင်လာခြင်းက အသင်းကို ယုံကြည်မှုပေးကြောင်း ရီးယဲလ်နည်းပြ ဇီဒန်း ပြော

စီရော်လ်နယ်ဒို ပြန်လည်ပါဝင်လာခြင်းက အသင်းကို ယုံကြည်မှုပေးကြောင်း ရီးယဲလ်နည်းပြ ဇီဒန်း ပြော
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ် နည်းပြ ဇီဒန်းက အပိုးလ်နီကိုးရှားနှင့် ကစားမယ့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အတွက် ပေါ်တူဂီတိုက်စစ်မှူး စီရော်လ်နယ်ဒို ပြန်လည်ပါဝင်လာခြင်းက အသင်းကို ယုံကြည်မှုပေးကြောင်း အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

ရော်လ်နယ်ဒိုဟာ စပိန်ဖလား ပထမအကျော့တုန်းက ဒိုင်လူကြီးကို တွန်းထိုးခဲ့မှုကြောင့် ပြည်တွင်းပြိုင်ပွဲ ၅ ပွဲ ပွဲပယ်ခံနေရတာဖြစ်ပါတယ်။

"ကျနော်တို့နှင့်အတူ ခရစ္စတီယာနို အမြဲရှိနေတာကို ကျနော် ပိုပြီးနှစ်သက်ပါတယ်။ ကျနော်တို့ သူ့ကို မှီခိုတဲ့အကြောင်းပြောနေတာ မဟုတ်ပါဘူး။ ကျနော်ဘာလိုချင်သလဲဆိုတော့ ကစားသမားအားလုံး အသင်းမှာ ရှိနေဖို့နှင့် ကစားနိုင်ဖို့အတွက်ပဲဖြစ်ပါတယ်။"လို့ ဇီဒန်းက အပိုးလ်နီကိုးရှားနှင့် ပွဲစဉ်အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

"သူဟာ ဂိုးတွေ သွင်းယုံနဲ့ အသင်းကို ပါဝင်ကူညီတာ မဟုတ်ပါဘူး။ သူဟာ အသင်းမှာ အရေးပါတဲ့ ကစားသမား၊ အမြဲအနိုင်ရလိုတဲ့ အသင်းကို ဦးဆောင်သူဖြစ်ပါတယ်။"လို့ ရီးယဲလ်ကစားသမားဟောင်း ဇီဒန်းက ထည့်သွင်းပြောဆိုပါတယ်။

"သူဟာ ကာယပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာမှာ ကောင်းမွန်တဲ့ ပုံစံတစ်ခုမှာ ရှိနေတာကြောင့် ကျနော်တို့ ဝမ်းသာပါတယ်။ သူ့ကို ကွင်းထဲမှာ ထပ်မြင်တွေ့ရမှာမို့ ကျနော် ပျော်ရွှင်နေပါတယ်။"လို့ နည်းပြ ဇီဒန်းက ထပ်မံပြောကြားခဲ့ပါတယ်။

ဇီဒန်းက အသင်းဟာ ၎င်းတို့ရဲ့ ချန်ပီယံလိဂ် ချန်ပီယံသရဖူကို ကာကွယ်ဖို့ မလွန်ကူပေမယ့်လည်း ကြိုးစားနေတာမို့ အလွန်စိတ်လှုပ်ရှားနေခဲ့တယ်လို့ ဆိုပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly