အစိုးရအဖွဲ့ကို မကြာမီပြန်လည်ဖွဲ့စည်းမည်ဟု ထိုင်းဝန်ကြီးချုပ် ပရာရွတ်အတည်ပြု၊ အပြင်လူများကို ခန့်ထားမည်ဟု ပြောကြား

အစိုးရအဖွဲ့ကို မကြာမီပြန်လည်ဖွဲ့စည်းမည်ဟု ထိုင်းဝန်ကြီးချုပ် ပရာရွတ်အတည်ပြု၊ အပြင်လူများကို ခန့်ထားမည်ဟု ပြောကြား

ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်းအိုချာက မကြာမီ အစိုးရအဖွဲ့ကို ပြန်လည်ဖွဲ့စည်းမည်ဖြစ်ကြောင်း သြဂုတ်လ ၁၃ရက်နေ့က အတည်ပြုခဲ့ပြီး အချို့ဝန်ကြီးများကို ပြောင်းလဲကာ စစ်တပ်မှမဟုတ်သည့် အပြင်လူများကို
ခန့်အပ်မည်ဟုလည်း ပြောကြားခဲ့သည်။

''ဝန်ကြီးတွေကို သင့်တော်တဲ့လူတွေနဲ့ ပြောင်းလဲအစားထိုးပစ်မယ်။ အပြင်လူတွေလည်း ပါလာမှာဖြစ်သလို တစ်ချို့လည်း ရာထူးက ထွက်ပေးရလိမ့်မယ်''ဟု ပရာရွတ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

လပေါင်းများစွာ လမ်းပေါ်ထွက်ဆန္ဒပြမှုများအပြီး ၂၀၁၄ခုနှစ် မေလ အာဏာသိမ်းမှုကို ခေါင်းဆောင်ခဲ့သည့် စစ်တပ်အကြီးအကဲ ပရာရွတ်ကို ၂၀၁၄ခုနှစ် သြဂုတ်လတွင် ၎င်းကိုယ်တိုင် စိတ်ကြိုက်ရေးဆွဲထားသော ဥပဒေဖြင့် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။

ထိုမှနောက်ပိုင်းတွင် မကြာမကြာ ဆန့်ကျင်မှုများရှိငြား ပရာရွတ်မှာ ပြိုင်ဘက်မရှိ အုပ်ချုပ်လာခဲ့သော်လည်း ပေါက်ကွဲသံပေးနေသည့် ထိုင်းစီးပွားရေးအခြေအနေကြောင့် တိုး၍တိုး၍ ဖိအားပေးခံနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly