မိုးအောင်ရင်အား ဆေးခြောက် ရောင်းချသူ၏ အမည်ကို ရဲတပ်ဖွဲ့မသိကြောင်းထွက်ဆို

မိုးအောင်ရင်အား ဆေးခြောက် ရောင်းချသူ၏ အမည်ကို ရဲတပ်ဖွဲ့မသိကြောင်းထွက်ဆို

ရန်ကုန်၊ စက်တင်ဘာလ ၁၂ ။         ။ ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင် မိုးအောင်ရင်ကို  ဆေးခြောက်များ လာရောက်ရောင်းချသူမှာ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်နေ အမည်မသိသူတစ်ဦးဖြစ်ကြောင်း တာမွေမြို့မရဲစခန်းမှ အမှုစစ်ရဲအရာရှိက တရားရုံး တွင် လာရောက်ထွက်ဆိုခဲ့သည်။

ယနေ့ စက်တင်ဘာလ ၁၂ ရက်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် တရားစွဲဆိုခံထားရသော မိုးအောင်ရင် အပါအဝင် ၃ ဦးအမှုနှင့် ပတ်သက်ပြီး တရားလိုပြသက်သေ အမှုစစ်ရဲအရာရှိ ရဲအုပ်ဆန်းဌေးက ထိုသို့ လာရောက်ထွက်ဆိုခဲ့ခြင်းဖြစ်သည်။

“ အမှုနှင့် ပတ်သက်၍ မိုးအောင်ရင်ထံ ဆေးခြောက်လာရောက် ရောင်းချသူမှာ ကရင်ပြည်နယ်၊ သံတောင်ကြီး မြို့နယ်နေ အမည်မသိသူတစ်ဦးဖြစ်ပြီး ၎င်း၏ နေရပ်လိပ်စာနှင့် အမည်မှန်ကို မသိရှိကြောင်း အမှုတွဲတွင် ဖော် ပြထားရှိသည်”ဟု အမှုစစ်ရဲအရာရှိက ထွက်ဆိုခဲ့သည်။

မိုးအောင်ရင်ထံ ဆေးခြောက်လာရောက်ရောင်းချသူ၏ အမည်နှင့် နေရပ်လိပ်စာကို အမှုစစ်ရဲအရာရှိက မသိရှိခြင်းနှင့် ပတ်သက်ပြီး မိုးအောင်ရင်ဘက်မှ လိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေက အမှုစစ်ရဲအရာရှိအား အတည်ပြု မေးမြန်းခဲ့ရာ ၎င်းက မှန်ပါသည်ဟု တရားရုံးတွင် ထွက်ဆိုခဲ့သည်။

ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင်မှာ ပုဇွန်တောင်မြို့နယ်တရားရုံးတွင် မူးယစ်ဆေးဝါးမှုဖြင့် တရားစွဲဆိုခံထားရ သည့်အပြင် ၎င်းသူငယ်ချင်းဖြစ်သူ ၂ ဦးနှင့်အတူ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင်လည်း တာမွေမြို့မရဲစ ခန်း စွဲချက်အမှတ် - ၃၁၄/၂ဝ၁၆၊  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေပုဒ်မ - ၁၉ (က)ဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ်သည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် စွဲဆိုထားသောအမှုနှင့်ပတ်သက်ပြီး မိုးအောင်ရင်အား မူးယစ်ဆေးဝါးသုံးစွဲ မှုရှိ၊ မရှိကို ဆေးစစ်ထားခြင်းမရှိသဖြင့် ပုဇွန်တောင်မြို့နယ်တရားတရားရုံးမှ ဆေးစာကိုသာ မိတ္တူဖြင့်တင်ပြ သွားမည်ဖြစ်ကြောင်း တရားလိုပြသက်သေ အမှုစစ်ရဲအရာရှိက တရားရုံးသို့ ထွက်ဆိုသည်။

မိုးအောင်ရင် နေထိုင်သည့် တာမွေမြို့နယ်ရှိ နေအိမ်သို့ ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်၊ နံနက်ပိုင်းက မူးယစ် ဆေးဝါးသတင်းအရ ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေခဲ့ရာ မိုးအောင်ရင်အား တွေ့ရှိခဲ့ခြင်းမရှိဘဲ မိုးအောင် ရင်၏ သူငယ်ချင်းဖြစ်သူနှစ်ဦးအား ဆေးခြောက် ၁၃၃၄ ဒသမ ၃၃ ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင်အား ပုဇွန်တောင်မြို့နယ်ရှိ ၎င်း၏ ရည်စားဖြစ်သူနေအိမ်တွင် အိုက်စ်မူးယစ် ဆေးဝါး ၁ ဂရမ်နှင့် အတူ ရဲတပ်ဖွဲ့မဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး အဆိုပါအမှုနှင့် ပတ်သက်ပြီး လက်ရှိတွင်လည်း ပုဇွန်တောင်မြို့နယ်တရားရုံးတွင် မူးယစ်ဆေးဝါးမှုဖြင့် တရားရင်ဆိုင်နေရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly