ငွေရေးကြေးရေး စီမံခန့်ခွဲမှုကဏ္ဍတွင် ကျွမ်းကျင်သူများ လိုအပ်နေပြီး အလုပ်ခန့်ထားလိုမှုများပြားနေ

ငွေရေးကြေးရေး စီမံခန့်ခွဲမှုကဏ္ဍတွင် ကျွမ်းကျင်သူများ လိုအပ်နေပြီး အလုပ်ခန့်ထားလိုမှုများပြားနေ

 

ရန်ကုန်၊ စက်တင်ဘာ ၁၂၊ ၂၀၁၇ ခုနှစ် ။                ။ မြန်မာ့ငွေရေးကြေးရေးစီမံခန့်ခွဲမှုကဏ္ဍတွင် ကျွမ်းကျင်သူများစွာလိုအပ်နေပြီးအလုပ်အကိုင်ခန့်ထားလိုမှုများများပြားနေကြောင်းဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူများကသုံးသပ်သည်။

အင်တာနက်ကိုအသုံးပြု၍ အလုပ်ခေါ်ယူမှုများတွင် ဘဏ်လုပ်ငန်းဆိုင်ရာ၊ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာနှင့် စာရင်းကိုင် ဝန်ထမ်းလိုအပ်ချက်သည် ၆ လခန့်တိုက်မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံ၏ ထိပ်တန်းအလုပ်အကိုင်ရှာဖွေရေး Web portal တစ်ခုဖြစ်သောJobnet.com.mm က ထုတ်ပြန်သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာခြင်းအပြင် ဈေးကွက် တိုးတက်ပြောင်းလဲလာခြင်း၊ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိသော   မြန်မာနိုင်ငံအတွင်းရှိ ဘဏ်လုပ်ငန်းဆိုင်ရာ စနစ်များဖွံ့ဖြိုးစပြုလာသောကြောင့် ယခုကဲ့သို့ Banking and Finance ပိုင်းတွင် အလုပ်အကိုင်ခန့်ထားရန် မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

"မြန်မာနိုင်ငံကို နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေဝင်ရောက်လာတဲ့အပြင် ငွေကြေးစီမံခန့်ခွဲမှုမှာတကယ်ကျွမ်းကျင်သူတွေလိုအပ်လာတယ်။ ငွေရေးကြေးရေးနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကလည်းတင်ကျပ်လာပြီး နိုင်ငံတကာစံချိန်တွေနဲ့ ရေးဆွဲကြရမယ် ဆိုတော့ ဒီနယ်ပယ်မှာပိုပြီးလိုအပ်ချက်များလာတာပါ။"ဟု Win Thin and Associates Audit Firm ၏ မန်းနေးဂျင်းဒါရိုက်တာဦးမိုးကျော်ကသုံးသပ်သည်။

ဘဏ္ဍာရေးဆိုင်ရာ စီမံကွပ်ကဲမှုသည် စီးပွားရေးလုပ်ငန်းတိုင်း၏ အချက်အခြာဖြစ်ပြီးကျွမ်းကျင်မှုမြင့်မားသောဘဏ္ဍာရေးပညာရှင်များနှင့် စာရင်းကိုင်နည်းပညာများသည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီးပွားရေးလုပ်ငန်းတိုင်းမှာရှိဖို့လိုအပ်သောကြောင့် ယခုကဲ့သို့ အလုပ်အကိုင်ခေါ်ယူမှုများလာခြင်းဖြစ်ကြောင်းလည်း သိရသည်။

"ဘဏ်လုပ်ငန်းတွေ၊ ငွေကြေးလုပ်ငန်းတွေ သဖြင့် ဖွံ့ဖြိုးလာတဲ့ အတွက် မြန်မာနိုင်ငံမှာငွေကြေးစီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီးအလုပ်အကိုင်ခန့်ထားလိုမှုတွေဟာများပြားနေပါတယ်။ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လျက်ရှိတဲ့ မြန်မာနိုင်ငံအတွင်းကဘဏ်လုပ်ငန်းဆိုင်ရာစနစ်များအတွက် ယခုထက်ပိုမိုပြီးဖွံ့ဖြိုးတိုးတက်လာစေပြီးလက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲများကိုဖြေရှင်းကျော်လွှားနိုင်ဖို့ ရည်ရွယ်ပြီးJobnet.com.mmကနေဦးဆောင်ပြီးJobnet Banking and Finance Career Conference 2017 ကိုလည်းမကြာခင်မှာကျင်းပပေးတော့မှာဖြစ်ပါတယ်။"ဟုJobnet.com.mm ၏ မန်းနေးဂျင်းဒါရိုက်တာ Mr. Matt De Luca ကပြောသည်။

သို့သော်လည်းအင်တာနက်မှတဆင့် အလုပ်လျောက်ထားမှုများတွင် Engineering ကဏ္ဍသည် အလုပ်အကိုင်လျောက်ထားမှုအများဆုံးဖြစ်နေပြီးဒုတိယအနေဖြင့် အရောင်းနှင့် ဈေးကွက်ရှာဖွေရေးအလုပ်အကိုင်များကိုပို၍ စိတ်ဝင်စားကြကြောင်းတွေ့ရရှိသည်။ ဘဏ်လုပ်ငန်း၊ ငွေကြေးစီမံခန့်ခွဲမှုနှင့် စာရင်းကိုင်အလုပ်အကိုင်ပိုင်းသည် တတိယနေရာတွင်လျောက်ထားမှုအများဆုံးရပ်တည်နေသည်။

About www.jobnet.com.mm “အကောင်းမွန်းဆုံးသောအလုပ်အကိုင်များအတွက် !မြန်မာ့နံပတ် (၁) အလုပ်အကိုင်ရှာဖွေရေးဝဘ်ဆိုဒ်ဖြစ်တဲ့JobNet.com.mmမှာယခုပဲစတင်ရှာဖွေလိုက်ပါ။ JobNet.com.mm ဟာမြန်မာပြည်ရှိ ထိပ်တန်းကုမ္ပဏီကြီးများအတွက် မှန်ကန်သင့်တော်သောအလုပ်သမားများ ရှာဖွေပေးမှုနှင့်အလုပ်အကိုင်ရှာဖွေနေသူများအတွက်လည်း အခြားမည်သည့်နေရာတွင်မှ ရှာဖွေမရနိုင်တဲ့ အကောင်းမွန်ဆုံးသော အလုပ်အကိုင်များ ရရှိနိုင်ရန် ကြိုးစားလုပ်ဆောင်ကူညီပေးနေတဲ့ ဝဘ်ဆိုဒ်တစ်ခုဖြစ်ပါတယ်။JobNet.com.mmဝဘ်ဆိုဒ်တွင် ထောင်ပေါင်းများစွာသော job vacancies များကို အွန်လိုင်းမှတဆင့် click တချက်တည်းဖြင့် ရှာဖွေတွေ့ရှိနိုင်ပြီ ဖြစ်ပါတယ်။

About Matt De Luca

Matt De Luca ဟာ JobNet.com.mm ရဲ့မန်နေးဂျင်းဒါရိုက်တာတစ်ဦးဖြစ်ပါတယ်။၎င်းဟာ၂၀၁၅ခုနှစ်အတွင်း JobNet.com.mmအား Co-founding မပြုလုပ်မှီ PricewaterhouseCoopers (PWC) ရဲ့ Management Consulting Division ပိုင်းမှာလုပ်ကိုင်ခဲ့ပြီးသူ့အနေနဲ့နယ်သာလန်နိုင်ငံမှာ technology အခန်းကဏ္ဍရဲ့ Banking ပေါ်မှာ အကျိုးသက်ရောက်မှုနှင့်ပတ်သက်ပြီး အထူးတာဝန်ယူ လုပ်ဆောင်ရတာဖြစ်ပါတယ်။ Matt ဟာ JobNet.com.mmကိုဝင်ရောက်မလုပ်ကိုင်မှီမြန်မာနိုင်ငံအတွင်းစီးပွားရေးဝင်ရောက်လုပ်ကိုင်မှုအဖြစ်လုပ်ကိုင်ခဲ့သော Rocket Internet ရဲ့အလုပ်အကိုင်ဆိုဒ်တစ်ခုမှာ လုပ်ကိုင်ခဲ့ပါတယ်။ Matt ဟာ Erasmus University၊ Rotterdam School of Management မှ Science in Finance ဘာသာရပ်တွင် Master ကိုင်ဆောင်ထားသူလည်း ဖြစ်ပါတယ်။ Matt ဟာရန်ကုန်တွင်အခြေချနေပြီးမြန်မာနိုင်ငံ JobNet.com.mmရဲ့တိုးတက်မှုကို ဦးဆောင်မှုပြုနေသူလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly