နိုင်ကျဉ်း များအတွက် ကျပ်သိန်း ၁၉၀၀ ကျော် ထောက်ပံ့နိုင်ခဲ့ကြောင်း ဟံသာဝတီ ဖောင်ဒေးရှင်း ထုတ်ပြန်

နိုင်ကျဉ်း များအတွက် ကျပ်သိန်း ၁၉၀၀ ကျော် ထောက်ပံ့နိုင်ခဲ့ကြောင်း ဟံသာဝတီ ဖောင်ဒေးရှင်း ထုတ်ပြန်

ရန်ကုန် စက်တင်ဘာ ၁၂ ။         ။ မြန်မာနိုင်ငံအကျဉ်းထောင်များတွင် ဖမ်းဆီး ထိန်းသိမ်းခံရဆဲ နိုင်ငံရေးအကျဉ်းသားများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအပါအဝင် စာနယ်ဇင်းသမား စုစုပေါင်း ၈၀၀ ကျော်တို့ အတွက် ထောက်ပံ့ငွေကျပ် သိန်း ၁၉၀၀ ကျော် ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း ဟံသာဝတီ ဦးဝင်တင်ဖောင်းဒေးရှင်းက ထုတ်ပြန်ကြေညာ ခဲ့သည်။

ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့က ရန်ကုန် မြို့၊ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားများအား အကြိမ် ၃၀ မြောက် ထောက်ပံ့ငွေပေးအပ်ပွဲတွင် ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးအကျဉ်းသား/ ဟောင်းများနှင့် မိသားစု ဝင်များ၊ စာနယ်ဇင်းသမားများအတွက် ကူညီ ထောက်ပံ့ရန် ရည်ရွယ်ဖွဲ့စည်းခဲ့သည့် ဟံသာ ဝတီဦးဝင်တင်ဖောင်ဒေးရှင်းအနေဖြင့် စတင် ဖွဲ့စည်းခဲ့ပြီး ၂၀၁၂ ခုနှစ်မှစ၍ ယခင်က နှစ်လ တစ်ကြိမ်၊ ယခုနောက်ပိုင်းတွင် သုံးလ တစ်ကြိမ်  ထောက်ပံ့ငွေများပုံမှန် ပေးအပ်ခဲ့သည်။

ယခု အကြိမ် ၃၀ မြောက် ထောက်ပံ့ပွဲတွင် နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် စာနယ်ဇင်း သမား ၁၃ ဦးတို့အတွက် ထောက်ပံ့ငွေ ၂၈ သိန်းနှင့်ဆိုလျှင် အသက်ဆုံးရှုံးခဲ့သော နိုင်ငံရေးအကျဉ်းသား ၁ ဦး၊ လက်ရှိနိုင်ငံရေး အကျဉ်းသား ၁၆၁ ဦး၊ နိုင်ငံရေးအကျဉ်းသား ဟောင်းနှင့် စာနယ်ဇင်းသမား ၆၄၅ ဦး စုစု ပေါင်း ၈၀၇ ဦးတို့အတွက် ထောက်ပံ့ငွေကျပ် ၁၉၄၇ ထောက်ပံ့နိုင်ခဲ့ပြီဖြစ်ကြောင်း သိရ သည်။

ထို့ပြင် နိုင်ငံရေးအကျဉ်းသားဟောင်း မိသားစု ဝင်များအတွက် ပညာရေးထောက်ပံ့မှုအစီ အစဉ်အဖြစ် နိုင်ငံရေး အကျဉ်းသားဟောင်း နှင့် သားသမီး စုစုပေါင်း ၇၇၃ ဦးအတွက် ထောက် ပံ့ငွေကျပ် ၈၂၉ သိန်း ပေးအပ်ခဲ့သည်။

 ကျန်းမာရေး စောင့် ရှောက်မှုအစီအစဉ်အဖြစ် အမှတ် ၁၁၉ ၊ လမ်း ၅၀ ၊ ပုဇွန်တောင်မြို့နယ်တွင် ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း စေတနာဆေးကုခန်း ဖွင့်လှစ်၍ အခမဲ့ဆောင်ရွက်ပေးလျှက်ရှိ ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly