အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာကျန်းမာရေးပြဿနာများအတွက် ပါမောက္ခ ဦးမောင်မောင်ခင်နှင့် တွေ့ဆုံခြင်းအပိုင်း(၄)

အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာကျန်းမာရေးပြဿနာများအတွက် ပါမောက္ခ ဦးမောင်မောင်ခင်နှင့် တွေ့ဆုံခြင်းအပိုင်း(၄)

4R Health Talk, Episode-9, Part-4

မဇ္ဈိမ - ခိုင်စံပယ်ဆိုတဲ့တစ်ယောက်ကမေးထားပါတယ်။ ခြင်ဆေးခွေအနံ့ကအဆုတ်ကိုဘယ်လိုဆိုးကျိုးဖြစ်စေပါသလဲတဲ့။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့နိုင်ငံမှာ ခြင်ဆေးခွေကတော့ အိမ်တိုင်းလိုလိုမှာသုံးကြတာများပါတယ်ပေါ့နော်။

Prof: U MaungMaung Kin - ကျွန်တော်တို့ အဲဒီခြင်ဆေးခွေကို သပ်သပ်သုတေသနလုပ်ခဲ့တာ မရှိပါဘူး။ သူကလည်းအငွေ့တွေဆိုတော့ အဆုတ်ထဲမှာ ပါတာပဲ။ ဒီခြင်ဆေးခွေအမှုန့်ကလည်း ကြာကြာရှုလာရင် သူလည်းကင်ဆာတွေ ဖြစ်နိုင်ပါတယ်။ အဆုတ်ထဲမှာအဆုတ်ပွတာတွေ ကြာရင်ဖြစ်နိုင်ပါတယ်။ နည်းနည်းပါးပါးကတော့ ဘာမှမဖြစ်နိုင်ပါဘူး။

မဇ္ဈိမ -ဆရာကြီးအဲဒါဆိုရင် ကျွန်တော်တို့ကဒီဟာကိုအားပေးသင့်သလား။ ဥပမာဆိုရင် ဆိုကြပါစို့ ခြင်အန္တရာယ်နဲ့ ကျွန်တော်တို့ ဒီအဆုတ်အန္တရာယ်နဲ့ ဘယ်ဟာကိုရွေးသင့်သလဲ။

Prof: U MaungMaung Kin -တကယ်တမ်းကျတော့ ကျွန်တော်တို့နိုင်ငံမှာဒီခြင်တို့ ယင်တို့ ကင်းရှင်းသွားအောင် လုပ်ဖို့တော့လိုပါတယ်။ ခြင်ကလည်း အန္တရာယ်ပေးပါတယ်။ ယင်ကောင်တွေကလည်း အန္တရာယ်ပေးပါတယ်။ ဒါပေမဲ့ ခြင်ပြေးတဲ့ဟာကိုဒီခြင်ဆေးခွေအစားကိုအခြားနည်းလမ်းတွေ အခု ခြင်ပြေးတဲ့စက်တွေလည်းရှိနေပါတယ်။ အဲဒါမျိုးသုံးသင့်ပါတယ်။ ခြင်ဆေးခွေက မီးအန္တရာယ် ရှိတဲ့အတွက်ကြောင့် ခြင်ဆေးခွေကိုတော့ ကျွန်တော်တို့ မသုံးသင့်ဘူးလို့တော့ ထင်ပါတယ်။

မဇ္ဈိမ -ဟုတ်ကဲ့ပါ ကျေးဇူးပါ။ ဆရာနောက်တစ်ခုကတော့ တင်မောင်မောင်ဆိုတဲ့တစ်ယောက်ကရေးထားတာဖြစ်ပါတယ်။ ဘာမေးသလဲဆိုရင် ကျွန်တော့အမေက အရင်တုန်းကတီဘီဖြစ်ခဲ့ဘူးတယ်။ ဆေးသတ်မှတ်ချက်ကုန်အောင် သောက်ခဲ့တယ်။ အခုဆယ်နှစ်လောက်ကြာမှ ချောင်းပြန်ဆိုးတယ် သလိပ်နဲနဲညိုညစ်ညစ် ဖြစ်လာတယ် စိုးရိမ်လို့ပါ ဆရာအကြံပြုပါအုံး။

Prof: U MaungMaung Kin -ဒီတီဘီရောဂါကတော့ ကိုယ်ခံအားနဲ့ဆိုင်ပါတယ်။ ဒီရောဂါကနောက်ကျလို့ရှိရင် ပြန်ဖြစ်နိုင်တာလည်းရှိပါတယ်။ ခန္ဓာကိုယ်ထဲမှာဒီပိုးတွေကအမြဲပဲရှိနေနိုင်ပါတယ်။ အားနည်းနေတဲ့အချိန်ကျတော့ ပြန်ဖြစ်လာနိုင်ပါတယ်၊ အဓိကကတော့ ဖြစ်လာလို့ရှိရင် သမားတော်တွေနဲ့ သေချာပြသပြီးတော့ အဆုတ်တွေကိုတီဘီဖြစ်ဖူးတဲ့သူတွေက ကြာလို့ရှိရင် သူကအမာရွတ်တွေ   ဖြစ်သွားတယ်။ အဲ့ဒီလိုမျိုးအမာရွတ်တွေ ပြန်ဖြစ်သွားရင်တော့ ဆေးကုစရာမလိုပါဘူး။ ဒါပေမဲ့ တီဘီပြန်ဖြစ်တယ်ဆိုရင်တော့ သလိပ်ပိုးတွေပြန်စစ် ခန္ဓာကိုယ်မှာ လိုအပ်တာတွေ   ပြန်စစ်ဆေးပြီးရင် တစ်ခါတစ်လေကျရင် တီဘီဆေးတွေက  နှစ်ခါသုံးခါ ပြန်သောက်ရတာတွေလည်းရှိပါတယ်။ ဒီခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားပေါ်မူတည်ပြီးတော့   သေချာတော့ ပြန်စစ်ဆေးသင့်ပါတယ်။

မဇ္ဈိမ -ဒီတစ်ခါတော့ မဇ္ဈိမပရိသတ်များခင်ဗျာနောက်တစ်ယောက်ကတော့ ကျွန်တော်တို့ ဆေးလိပ်ဖြတ်မှတော့ ဖြစ်တော့မယ်။ ဆေးလိပ်ပြတ်အောင် ဘယ်နည်းတွေနဲ့ ဖြတ်လို့ရမလဲမေးထားပါတယ်။

Prof: U MaungMaung Kin -ဆေးလိပ်ဖြတ်တာကတော့ ကျွန်တော်တို့ အရက်ဖြတ်သလိုပါပဲ၊ ဘာလို့လဲဆိုတော့ လုံးဝဒုံးတိကြီးဖြတ်လိုက်တာ အကောင်းဆုံးပါပဲ။ ကျွန်တော့်အမြင်ကိုပြောတာပါ။ ဘာလို့လဲဆိုတော့ ဆေးလိပ်ကနည်းနည်းလျှော့သောက်ပြီးတော့ ခဏနေစိတ်ကပါလာလို့ရှိရင် သောက်ဖြစ်ပြန်ရော။ နောက်တစ်ခုက ဆေးလိပ်သောက်တတ်တဲ့  အသိုင်းအဝိုင်းကို   ရှောင်ရပါတယ်။   ဆေးလိပ်သောက်တာက ကိုယ့်သူငယ်ချင်းပဲ ဘာပဲဖြစ်ဖြစ် သူကသောက်နေရင် ကိုယ်က သောက်ချင်စိတ်ဝင်လာတယ်။   ဆေးလိပ်ဖြတ်သူတွေက သူများဆေးလိပ်သောက်နေရင် ကိုယ်ကပြန်သောက်ချင်တယ်။ အဲတော့ဆေးလိပ်ကိုဒုံးတိကြီးဖြတ်တာအကောင်းဆုံးပါ။ သူကဘာမှ မဖြစ်ပါဘူး။ သောက်ချင်တဲ့စိတ်   ရှိတာတစ်ခုတည်းက ကိုယ်ကသောက်ချင်တဲ့စိတ် မဖြစ်လာအောင် ဆေးလိပ်သောက်တဲ့သူတွေ ဝိုင်းတွေမှာ တက်နိုင်သမျှ   ဝေးဝေးမှာရှောင်နေရမယ်။   နောက်တစ်ခုကတော့ ဆေးလိပ်သောက်တာကအရက်သောက်ရင် ဆေးလိပ်သောက်တယ်။ သူငယ်ချင်းတွေနဲ့တွေ့ရင် လက်ဖတ်ရည်ဆိုင်ထိုင်ရင်   ဆေးလိပ်သောက်တာရှိပါတယ်။ အဲဒါတွေကိုကိုယ့်ရဲ့Life Style တွေကိုနည်းနည်းပြောင်းပေးရမယ်။ နဂိုအတိုင်းနေရင်တော့ မရှောင်နိုင်ဘူူး။ ဘာလို့လဲဆိုတော့ လွယ်တာကိုးဆေးလိပ်ကကောက်သောက်လိုက်ရုံပဲ၊ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ ရဲ့Life Style ကိုChangeဖြစ်ရမယ်။

မဇ္ဈိမ -နောက်တစ်ယောက်ကတော့ ညပိုင်းမှာလက်ယာဘက်မှာစောင်းအိပ်ရင် မဖြစ်ဘဲ လက်ဝဲဘက်စောင်းအိပ်ရင် ချွဲကြပ်ပါတယ်။ ဘယ်လိုဖြစ်နေသလဲဆိုတာကို ဘယ်လိုဖြစ်ပြီး ဘယ်လိုဆောင်ရွက်ရမလဲဆိုတာကိုလည်းဖြေကြားပေးပါအုံး။

Prof: U MaungMaung Kin-ဒီဟာတွေက ဖြစ်တာများရင်ဖြစ်တာများသောအားဖြင့် အဆုတ်မှာ တစ်ဖက်ဖက်မှာတော့ ရောဂါဖြစ်နေပြီး ရေရှိတာဖြစ်ဖြစ် ချွဲရှိတာဖြစ်ဖြစ် အဲဒါတွေကိုတွေ   သေသေချာချာ စစ်ဆေးသင့်ပါတယ်။ ဆိုလိုတာကတော့ ဒီအဆုတ်ဆိုင်ရာ ဆရာဝန်တွေနဲ့ ပြပြီးတော့ အဆုတ်မှာရောဂါကင်းလား မကင်းလား ဥပမာဆိုရင် ဓာတ်မှန်ရိုက်မယ် လိုရင်စီဒီထက်ရိုက်မယ်။ ကျွန်တော်တို့ မှန်ပြောင်းကြည့်တာတွေကို လိုရင် လုပ်ရမယ်။ အဲတော့ ဆရာဝန်တွေနဲ့ပြပြီးတော့ ဒီအတိုင်းဆိုရင်တော့ ပြောရခက်ပါတယ်။ ဒီရောဂါရှိလား မရှိလားဆိုတာကို သက်ဆိုင်ရာ ဆရာဝန်တွေနဲ့ ပြပြီးတော့ ကုသင့်ပါတယ်။

မဇ္ဈိမ -နောက်ဆုံးမေးခွန်းတစ်ခုကတော့ သီဟနန္ဒာကျော်စွာဖြစ်ပါတယ်။ ဆရာကြီးခင်ဗျာကျနော့်ရဲ့ အရှိုက်နေရာကခဏခနအောင့်ပြီး ဖြစ်နေတဲ့အချိန်မှာ ချွဲများလည်းအရမ်းထွက်ပါတယ်။ ထမင်းလည်းမစားချင်ပါဘူးခင်ဗျာယင်းဖြစ်စဉ်အားညွှန်ကြားပေးစေလိုပါတယ် ကျေးဇူးပါ။

Prof: U MaungMaung Kin -ဒီဟာကခဏပြောသွားသလိုပါပဲအဆုတ်ကိုသေချာစစ်ဆေးသင့်ပါတယ်။ သေချာစစ်ဆေးသင့်တယ်ဆိုတာကသူ့အဆုတ် ဘယ်အပိုင်းကအားနည်းနေသလဲ ကျွန်တော့တို့ တစ်ခါတလေကျရင် ပိုးဝင်သွားတာ ဘာညာဆိုရင်တော့ အဆုတ်ရောင်တာရှိပါတယ်။ အဲ့ဒါမျိုးရှိခဲ့ရင် ဒါမျိုးဖြစ်တတ်တယ်။ ဒီဆရာတွေနဲ့ပြသပြီးသာမှန်ဆေးသောက်ရင်တော့ မသေချာဘူး၊ အဆုတ်မှာ   ရောဂါရှိမရှိ သေချာစစ်ဆေးသင့်ပါတယ်။

မဇ္ဈိမ -ဆရာကြီးခင်ဗျာ ကျွန်တော်တို့အစီစဉ်လေးအတွက် အပိတ်မိန့်ခွန်းပြောကြားစေလိုပါတယ်။ ကျွန်တော်တို့ ကျန်းမာရေးနဲ့ ပတ်သက်လို့ရှိရင် အသက်ရူလမ်းကြောင်းနဲ့ ပတ်သက်လို့ရှိရင် ကျွန်တော်တို့ ဆင်ခြင်သင့်လား။ ဒါမှမဟုတ်ဆရာကြီး သတိပေးစရာလေးရှိခဲ့ရင် ပြောကြားစေလိုပါတယ်။

Prof: U MaungMaung Kin -အဓိကကတော့ အဆုတ်ကင်ဆာရဲ့ သက်တမ်းက ငါးနှစ်သက်တမ်း ။ ဆိုလိုရှိရင် ငါးနှစ်သက်တမ်းမှာ အဆုတ်ကင်ဆာဖြစ်ပွားပြီး ငါးနှစ်သက်တမ်းမှာ  လူနှစ်ဆယ်လောက်ပဲ ကျန်တယ်။ ကျန်တဲ့ရှစ်ဆယ်ရာခိုင်နှုန်းက ဆုံးပါးသွားတယ်။ အဆုတ်ကင်ဆာက ကာကွယ်ခြင်းက အဓိကပါ။ ကျွန်တော်က ဆေးလိပ်သောက်ခြင်းနဲ့ ပတ်သက်ပြီးတော့   ပြောရတာပါ။ ဆေးလိပ်က Main တရားခံဖြစ်နေတဲ့အတွက် အဆုတ်ကင်ဆာရဲ့ ပြဿနာတွေ နည်းသွားမှာပါ။ ဖြစ်ခဲ့မယ်ဆိုရင်လည်း အဆုတ်ကင်ဆာက ကုသတာခက်ခဲပါတယ်။ Result လည်းသိပ်အကောင်းကြီးမဟုတ်ပါဘူး။ ဆေးလိပ်ဖြတ်တဲ့ ကိစ္စမှာဆေးလိပ်ဖြတ်တာနည်းအမျိုးမျိုးရှိပါတယ်။ တစ်ချိ့ကဆေးသောက်တယ်၊ E-စီးကရက် သောက်တာဘာပဲဖြစ်ဖြစ်   ဆေးလိပ်ဖြတ်တာ ဒုံးတိကြီး ဖြတ်တာအကောင်းဆုံးပါ။ နို့မို့ဆို ပြတ်မှာမဟုတ်ဘူး။   တော်တော်များများက   ဆေးလိပ်တော့ ဖြတ်နေတာပဲ။   နှစ်ပတ်လောက်ပြန်မေးကြည့်ရင် ပြန်သောက်ကျတာပဲ ။ ဒါကြောင့် ကိုယ့်ရဲ့ Life Style ကိုပြောင်းပစ်ရမယ်။  ဆေးသောက်မသောက်ရင် လေ့ကျင်ခန်းလုပ်တာဖြစ်ဖြစ် ဆေးလိပ်သောက်တာကိုမေ့အောင် ဆေးလိပ်ပတ်ဝန်းကျင်နဲ့ ဝေးအောင် ဝေးဝေးပြေးရမယ်။ အဲလိုလုပ်ရမယ် ။ နို့မို့ဆိုမပြတ်ပါဘူး။

အပိုင်း (၁) ပြန်လည် ကြည့်ရှု့ရန် - http://www.mizzimaburmese.com/article/31758

အပိုင်း (၂) ပြန်လည်ကြည့်ရှု့ရန် -http://www.mizzimaburmese.com/article/31803

အပိုင်း (၃) ပြန်လည်ကြည့်ရှု့ရန် -http://www.mizzimaburmese.com/article/31813

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly