အမျိုးသမီးတွေ သင့်ကိုသိစေချင်တဲ့ လျှို့ဝှက်ချက် ၁၉ချက်

အမျိုးသမီးတွေ သင့်ကိုသိစေချင်တဲ့ လျှို့ဝှက်ချက် ၁၉ချက်

ရေးသားသူ Wathun Myat Chal
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

အမျိုးသမီးတွေ သင့်ကိုသိစေချင်တဲ့ လျှို့ဝှက်ချက် ၁၉ချက်

အမျိုးသမီးတွေမှာ ထိပ်တန်းလျှို့ဝှက်ချက်တွေ မရေနိုင်မတွက်နိုင်အောင်ရှိပါတယ်။ တစ်ဖက်မှာတော့ သူတို့တွေဟာ ဒီလျှို့ဝှက်ချက်တွေကို ရင်ထဲမှာပဲသိမ်းဆည်းထားချင်ကြပြီး အခြားတစ်ဖက်မှာတော့ သူတို့ချစ်ရသူအမျိုးသားတွေသိဖို့နဲ့ သူတို့နဲ့အတူမျှဝေခံစားတတ်ဖို့မျှော်လင့်တတ်ကြပြန်ပါတယ်။ သင့်ရဲ့လက်တွဲဖော်အမျိုးသမီးလေးက သူတို့ကိုပိုနားလည်စေဖို့ သင့်ကိုသိစေချင်မယ့် လျှို့ဝှက်ချက် ၁၉ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ဂရုစိုက်တတ်တဲ့အမျိုးသားဟာ ဆွဲဆောင်မှုရှိပါတယ်။

အမျိုးသမီးတွေအတွက် သင့်ရဲ့ဂရုစိုက်တတ်တဲ့စိတ်ထားဟာ သင့်ရဲ့ပုံပန်းသဏ္ဍာန်ထက်ပိုပြီးဆွဲဆောင်မှုရှိနေတတ်ပါတယ်။ ဒါကြောင့် သင့်ချစ်သူက စိတ်ဓာတ်ကျပြီးငိုနေခဲ့ရင် သူနဲ့အတူတူနေပေးပြီး ဖက်ထားပေးလိုက်ပါ။ သူမဟာ ချစ်ခြင်းမေတ္တာနဲ့ အသိအမှတ်ပြုပေးခြင်းကို ခံစားနေရပါလိမ့်မယ်။

၂။ ရိုးသားယဉ်ကျေးခြင်း၊ လူကြီးဆန်သောသိမ်မွေ့မှုတွေနဲ့ ကြင်နာပေးပါ။

ဆက်ဆံရေးတစ်ခုမှာ အမျိုးသမီးတွေဟာ သူတို့ရဲ့ချစ်သူတွေကို ယောက်ျားပီသတဲ့အပြုအမူမျိုးနဲ့ လူကြီးလူကောင်းဆန်စွာပြုမူတာမျိုးလို လိုချင်လေ့ရှိပါတယ်။ သင်က သူမကို တံခါးဖွင့်ပေးတာမျိုး ဒါမှမဟုတ် အိတ်တွေသယ်ပေးတာမျိုး စတာတွေနဲ့ကူညီပေးလို့ရပါတယ်။ သူမကတော့ ဒီလို ချစ်ဖို့ကောင်းတဲ့ အသေးအဖွဲ အ မူအရာလေးတွေကို ကျေနပ်နေမှာပါ။

၃။ ကောင်းကောင်းမွန်မွန်ဝတ်စားပါ။

အမျိုးသမီးတိုင်းဟာ စတိုင်လ်တစ်မျိုးစီကို နှစ်သက်လေ့ရှိပါတယ်။ သူမရဲ့နှလုံးသားထဲက စံပြပုံရိပ်ဟာဘာဖြစ်မလဲဆိုတာကို ကြိုးစားရှာဖွေပြီး သူမအတွက် ဝတ်ဆင်ပြလိုက်ပါ။ သူမတော့ သိပ်ကိုအံ့သြပျော်ရွှင်သွားမှာပါပဲ။

၄။ အနီရောင်ဝတ်ပါ။

အနီရောင်ဟာ သင့်ကိုစွမ်းအင်ပြည့်ပြီး ဆွဲဆောင်မှုရှိတဲ့အနေအထားကို ရရှိစေပါလိမ့်မယ်။ သင့်ချစ်သူသဘောကျစေဖို့အတွက် မကြာမကြာ အနီရောင်ဝတ်ကြည့်ပါ။

၅။ အမှားတွေကို မဖုံးကွယ်ပါနဲ့။

အမျိုးသမီးတွေကလည်း ယောက်ျားတွေဟာ လူထဲကလူတွေပဲဖြစ်တာမို့ စိတ်ကူးယဉ်အချစ်ဇာတ်လမ်းတွေထဲက လူမှန်ကြီးတစ်ယောက်လို ဘယ်သူမှမပြည့်စုံနိုင်ဘူးဆိုတာ သဘောပေါက်ပြီးသားပါ။ အားနည်းချက်အချို့ရှိတာဟာ သဘာဝပါပဲ။ ဒါပေမယ့် အရေးအကြီးဆုံးကတော့ အမှားကိုသိမြင်ပြီး ပြန်လည်ပြုပြင်ဖို့ပဲလိုတာပါ။

၆။ သူမရဲ့ကမ္ဘာကို သင့်စိတ်တိုင်းကျပြုပြင်ဖို့မကြိုးစားပါနဲ့။

သင့်ချစ်သူက ပြဿနာတွေနဲ့ရင်ဆိုင်နေရပြီဆိုရင် သင်လုပ်ပေးနိုင်တဲ့ အကောင်းဆုံးအရာကတော့ နားထောင်ပေးတာနဲ့ မျှဝေခံစားတာပါပဲ။ ဒီဟာကိုပြောင်းလိုက်ပါလား။ ဟိုဟာလေးပြောင်းကြည့်ပါလားဆိုပြီး မခိုင်းပါနဲ့။ ဒါကအလွန်ကို စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပါတယ်။

၇။ ခေါင်းငြိမ့်နေတာနဲ့ မလုံလောက်ပါဘူး။

သူမက အလုပ်ထဲမှာပြဿနာတစ်ခုခုဖြစ်လာတာနဲ့ပတ်သက်ပြီး သူမရဲ့ခံစားချက်တွေကိုပြောပြနေရင် သူမကိုချော့မော့ပြီး အဖြေရှာနိုင်မယ့်နည်းလမ်းတွေ ဖြေရှင်းနည်းတွေအကြံပေးကြည့်ပါ။ တခြားဘာမှမလုပ်ဘဲ ငုတ်တုတ်ထိုင် ခေါင်းငြိမ့်နေတာမျိုး မလုပ်ပါနဲ့။

၈။ ၃ကြိမ်မြောက် ချိန်းတွေ့ခြင်းဟာ ချစ်တင်းအတူနှောဖို့မဟုတ်ပါဘူး။

အချို့သောအမျိုးသမီးတွေဟာ ၃ခါလောက်ချိန်းတွေ့ပြီးတဲ့နောက်မှာ အလျင်စလိုရည်းစားအဖြစ်လက်ခံလိုက်တာမျိုးနဲ့ လက်တွဲဖော်နဲ့ ချစ်တင်းနှောတာမျိုးကို မလိုလားကြပါဘူး။ ဖြစ်နိုင်ရင်တော့ သင်တို့ကြားကနှောင်ဖွဲ့မှုတွေ နက်ရှိုင်းခိုင်မာလာတဲ့ထိ အနည်းဆုံး ၂လလောက်တော့ စောင့်ဆိုင်းသင့်ပါတယ်။

၉။ အမျိုးသမီးတွေဟာ ဖြည်းဖြည်းသွားတာကိုပဲသဘောကျပါတယ်။

အမျိုးသားတွေနဲ့မတူတာက အမျိုးသမီးအတော်များများဟာ ချစ်တင်းနှောဖို့အတွက် အေးအေးဆေးဆေးနဲ့ စိတ်ကူးယဉ်ဆန်တဲ့လမ်းကိုသာ ပိုပြီးနှစ်သက်ကြပါတယ်။ ဒါကြောင့်အလျင်စလိုမလုပ်ပါနဲ့။သင့်ရဲ့ အံ့သြစွဲမက်စရာကောင်းတဲ့ ဆွဲဆောင်မှုတွေ နဲ့ သူမရဲ့ စိတ်ဆန္ဒတောင့်တမှုကို မြှင့်တင်ပေးပါ။

၁၀။ အကာအကွယ်သုံးတဲ့ ချစ်တင်းနှောခြင်း ဟာလည်း သူမကို ဆွဲဆောင်တတ်ပါတယ်။

အမျိုးသမီးတွေဟာစိတ်ချရတဲ့ အကာအကွယ်သုံးတဲ့ ဆက်ဆံမှုမျိုးအတွက် သင့်ရဲ့ကြိုးစားအားထုတ်မှုကို လိုချင်ကြပါတယ်။ ဒါက သူမအတွက် လုံခြုံစိတ်ချရမှုကို ခံစားစေတယ်လေ။

၁၁။ အတူတူနေစဉ်မှာ သူမ ဘာကိုလိုချင်တာလဲဆိုတာလေ့လာပါ။

အမျိုးသမီးတွေဟာ ချစ်တင်းနှောစဉ်မှာ သူမတကယ်တမ်းဘာကိုလိုချင်နေတာလဲဆိုတာကို တက်တက်ကြွကြွပြောနေဖု့ိ ရှက်နေတတ်ကြပါတယ်။ သင်က သူမကို ကောင်းကောင်းမွန်မွန်နဲ့ သူမရှက်မသွား စိတ်ပျက်မသွားစေမယ့် နည်းလမ်းမျိုးနဲ့ မေးနိုင်ပါတယ်။ အတူတူနေစဉ် သင့်ရဲ့ပြောင်းလဲမှုတွေကလည်း သူမကို ကျေနပ်သာယာမှုကို အများကြီးပေးစွမ်းနိုင်ပါတယ်။

၁၂။ ခံစားချက်တွေ၊ သောကတွေကို မျှဝေခံစားပါ။

တကယ်လို့တစ်ညမှာ သင်က သင့်ရဲ့လိင်စိတ်ဆန္ဒမပြီးမြောက်နိုင်ဘူးဆိုရင် သင်သာမက သင့်ချစ်သူကပါ စိတ်အလိုမကျဖြစ်တတ်ပါတယ်။ အဲ့ဒီလိုအချိန်မျိုးမှာ ဘာဖြစ်နေတာလဲဆိုတာ သူမကိုပြောပြရှင်းပြပါ။ သင့်ကို မဆွဲဆောင်နိုင်တော့ဘူးဆိုတဲ့ အတွေးမျိုးဝင်ပြီး စိတ်မကောင်းဖြစ်နေတာမျိုး မဖြစ်ပါစေနဲ့။

၁၃။ အရိပ်တကြည့်ကြည့်နေခြင်းဟာ ချစ်ခြင်းရဲ့ ပြယုဂ်ပါ။

ပါးစပ်ကနေဖွင့်ပြောနေတာထက် အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့အချစ်တွေကို သင့်ရဲ့အပြုအမူတွေကို အတုယူခြင်း၊ သင့်အကြိုက်အရောင်တွေကိုဝတ်ဆင်ခြင်း ဒါမှမဟုတ် သင်ပြုံးနေစဉ် လိုက်ပြုံးတတ်ခြင်းတို့နဲ့ ပြသလေ့ရှိပါတယ်။

၁၄။ သင့်ရဲ့ရှပ်အင်္ကျီကတောင် အချစ်ဆွဲအားဖြစ်နိုင်ပါသေးတယ်။

သင့်ရဲ့လက်တွဲဖော်ဟာ သင့်အင်္ကျီတွေဝတ်ဆင်ရမှာနှစ်သက်တတ်ပါတယ်။ ဘာလို့လဲဆိုတော့ သင့်ရဲ့ကိုယ်သင်းနံ့က သူမကို လုံခြုံနွေးထွေးစေပြီး သင်ကိုယ်တိုင်သူမနားမှာရှိနေသလို ခံစားရလို့ပါ။

၁၅။ ထပ်ကာထပ်ကာပြောပါ။

ချီးကျူးပြောဆိုတာဟာ သူမအတွက်တော့ အပိုတွေဖြစ်နေမှာမဟုတ်ပါဘူး။ အခြားသောအမျိုးသမီးတွေလိုပဲ သူမကလည်း သင့်ဆီက ကောင်းတာလေးတွေကြားရတာ နှစ်သက်ပါတယ်။ ဒါကြောင့် သူမဝတ်စုံအသစ်ဝတ်လာတာ၊ ဆံပင်ညှပ်လိုက်တာ ဒါမှမဟုတ် သူမရဲ့ ခန္ဓာကိုယ်အလှအပကြောင်း ချီးကျူးပြောဆိုဖို့ ဘယ်တော့မှနောက်မတွန့်ပါနဲ့။

၁၆။ နှစ်ကိုယ်ကြားအကြောင်းအရာတွေကို ပြောဆိုဖို့ တွန့်ဆုတ်မနေပါနဲ့။

သင်တို့နှစ်ယောက်ကြားထဲက ဆက်နွယ်မှုအကြောင်း သူမပြောချင်တဲ့ပုံပေါက်ရင် ကြောက်ရွံ့တွန့်ဆုတ်မနေပါနဲ့။ တစ်ယောက်နဲ့တစ်ယောက် မလိမ်မညာတမ်း ရိုးရိုးသားသားနဲ့ သင်တို့ရဲ့အချစ်နဲ့ခံစားချက်တွေဆက်နွယ်မှုကို ခိုင်မာလာစေဖို့အတွက် ဘာတွေလိုအပ်နေတယ် ဘာတွေဖြစ်နေတယ်ဆိုတာကို ပြောပြကြပါ။

၁၇။အကြည့်ချင်းဆုံပြီး သင့်လက်တွဲဖော်မျက်ဝန်းထဲကစာတွေကို ဖတ်ပါ။

အမျိုးသမီးတွေဟာ စကားပြောနေချိန်နဲ့ ချစ်တင်းနှောစဉ်မှာ သူတို့ချစ်သူနဲ့ မျက်လုံးချင်းဆုံရတာသဘောကျပါတယ်။ ဒါဟာသာမန်ကိစ္စလေးဖြစ်ပေမယ့် သင်တို့ရဲ့နှောင်ကြိုးကို ပိုပြီးခိုင်မာစေပါတယ်။

၁၈။အချိန်မနှောင်းပါစေနဲ့။

တကယ်လို့သူမက သင်နဲ့အကြောင်းအရာတစ်ခုခုအကြောင်းဆွေးနွေးချင်ပြီဆိုရင် ပထမဆုံးအကြိမ်မှာတည်းက သေချာရှင်းရှင်းလင်းလင်းပြောတတ်ပါတယ်။ ဒီလိုအချိန်တွေကို မလွတ်သွားပါစေနဲ့။ ဘာလို့လဲဆိုတော့ အမျိုးသမီးတွေဟာ ဒီအကြောင်းအရာကို ဒုတိယအကြိမ်ပြန်ပြောနေဖို့အတွက် စိတ်ထဲမှာ သက်တောင့်သက်သာဖြစ်နေမှာမဟုတ်ပါဘူး။

၁၉။ စိတ်ကူးယဉ်ဆန်ခြင်းက ရိုးရှင်းပါတယ်။ ဒါကိုတော့ မေ့မထားပါနဲ့။

စိတ်ကူးယဉ်ဆန်ခြင်း ရိုမန့် ဟာ အချစ်နဲ့ လိင်မှုပတ်သက်ဆက်နွယ်မှုတွေအတွက် ဓာတ်ကူပစ္စည်းတစ်ခုပါပဲ။ သင်တို့နှစ်ယောက်ဘယ်လောက်ကြာကြာအတူရှိခဲ့ကြပြီလဲ။ သင့်ဆီက ရလာမယ့် ကဗျာဆန်ဆန်ထူးထူးခြားခြားလုပ်ရပ်တစ်ခုဟာ သူမကို တစ်နေ့တာလုံးပျော်ရွှင်နေစေမှာပါ။

သင့်ချစ်သူ အမျိုးသမီးအကြောင်းများများသိလေ၊ သင်တို့ကြားထဲက နှောင်ကြိုးနဲ့ ခံစားမှု၊ချစ်ခြင်းတွေကို ပိုပြီးနက်ရှိုင်းတိုးပွားလာအောင် လုပ်နိုင်ဖို့ အခွင့်အရေးများများရလေပါပဲ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello Sayarwon မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly