မန်ယူအတွက် ပြန်ကစားနိုင်ရန် နီးစပ်နေပြီဟု အီဗရာဟီမိုဗစ် ဖွင့်ဟ

မန်ယူအတွက် ပြန်ကစားနိုင်ရန် နီးစပ်နေပြီဟု အီဗရာဟီမိုဗစ် ဖွင့်ဟ

 

စက်တင်ဘာ ၁၂၊ အင်္ဂလန် ။             ။ အသက် ၃၅ နှစ်အရွယ်ရှိ ဆွီဒင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်က မန်ယူအသင်းအတွက် ပြန်ကစားနိုင်ရန် နီးစပ်နေပြီဟု ပြောဆိုလိုက်သည်။

မိုဗစ်သည် ပြီးခဲ့သည့်ရာသီက ဆယ်လ်တာဗီဂိုနှင့်ကစားခဲ့သော ယူရိုပါလိဂ်ဆီမီးဖိုင်နယ်တွင် ဒူးဒဏ်ရာ ရရှိခဲ့ပြီး ခွဲစိတ်ကုသခဲ့ရသည်။ ကိုးလခန့်အနားယူရမည်ဟု ခန့်မှန်းထားသော်လည်း မိုဗစ်၏ဒဏ်ရာအခြေအနေမှာ အလွန်တိုးတက်ကောင်းမွန်လျက်ရှိသည်။

မိုဗစ်သည် ကရာတေးကစားနေသည့် ဗီဒီယိုဖိုင်နှင့် အပြေးလေ့ကျင့်နေသည့် ဗီဒီယိုဖိုင်များကို လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဖော်ပြခဲ့သည်။ မန်ယူနည်းပြမော်ရင်ဟိုကိုလည်း သူပြန်လာပြီဟု စာရေးသား အသိပေးခဲ့သည်။

သို့သော် မိုဗစ်က ၎င်းကို မျှော်လင့်နေကြသည့် ပရိသတ်များကို စိတ်ရှည်ကြရန် တိုက်တွန်းခဲ့သည်။ “ဒူးဒဏ်ရာက ပျောက်ကင်းသလောက် ဖြစ်သွားပါပြီ။ လူတိုင်းကို စိတ်ရှည်စေချင်ပါတယ်။ ကျွန်တော်ပြန်ကစားနိုင်ပြီဆို တစ်ကမ္ဘာလုံးသိရမှာပါ” ဟု မိုဗစ်က ဆိုသည်။

ပြီးခဲ့သည့်ရာသီက မန်ယူအသင်းအတွက် ၂၈ ဂိုးအထိသွင်းယူပေးခဲ့သည့် မိုဗစ်သည် ယခုနှစ်တွင် အသင်းသို့ပြန်လာပါက လူကာကူနှင့် ပထမပွဲထွက်နေရာအတွက် ယှဉ်ပြိုင်ရဖွယ် ရှိနေသည်။

လူကာကူက မိုဗစ်နှင့်တွဲဖက်ကစားလိုကြောင်း ပြောဆိုထားသော်လည်း ပွဲထွက်နေရာအတွက် ယှဉ်ပြိုင်ရမည်ဆိုလည်း ကြောက်ရွံ့မှုမရှိကြောင်း ဆိုထားသည်။

ရည်ညွှန်း အိတ်ပရက်စ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly