ဘောလုံးသမိုင်းမှာ တန်ဖိုးအကြီးဆုံးအသင်းဖြစ်လာတဲ့ မန်စီးတီး

ဘောလုံးသမိုင်းမှာ တန်ဖိုးအကြီးဆုံးအသင်းဖြစ်လာတဲ့ မန်စီးတီး

 

စက်တင်ဘာ ၁၂၊ အင်္ဂလန် ။                  ။ လက်ရှိ မန်စီးတီးအသင်းဟာ ကမ္ဘာ့ဘောလုံးသမိုင်းမှာ တန်ဖိုးအကြီးဆုံးအသင်းဖြစ်တယ်လို့ ဘောလုံးသုတေသနအဖွဲ့ CIES က ဖော်ပြသွားခဲ့ပါတယ်။

ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလက ပေါင် ၂၁၅ သန်းအထိ အသုံးပြုခဲ့တဲ့ မန်စီးတီးအသင်းရဲ့တန်ဖိုးဟာ ပေါင် ၇၇၅ သန်းရှိနေပါတယ်။

နေမာကို ပေါင်သန်း ၂၀၀ နဲ့ဝယ်ယူခဲ့တဲ့ ပီအက်စ်ဂျီအသင်းရဲ့ တန်ဖိုးက ပေါင်သန်း ၇၅၀ သာရှိတာကြောင့် မန်စီးတီးထက် ၃ သန်းလျော့နည်းလျက်ရှိနေပါတယ်။

မန်စီးတီးနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့နောက်မှာတော့ မန်ယူ၊ ချယ်လ်ဆီး၊ ဘာစီလိုနာ၊ ရီးယဲလ်၊ ဂျူဗင်တပ်စ်၊ လီဗာပူးလ်၊ အာဆင်နယ်နဲ့ စပါးတို့က အစဉ်လိုက်ရပ်တည်နေကြပါတယ်။

CIES ဟာ ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေ၊ ဘွန်ဒက်စ်လီဂါနဲ့ပြင်သစ်လိဂ် တွေကို စစ်တမ်းပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ တန်ဖိုးအကြီးဆုံးထိပ်ဆုံးအသင်း ၁၀ သင်းမှာ ပရီးမီးယားလိဂ်က ၆ သင်း ပါဝင်လျက်ရှိပါတယ်။

ရည်ညွှန်း ဘီဘီစီ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly