မန်ချက်စတာယူနိုက်တက်နည်းပြ ဟိုဆေးမော်ရင်ဟိုက စပိန်ဂိုးသမား ဒေးဗစ် ဒီဂီယာဟာ ဒီရာသီ ချန်ပီယံလိဂ်အတွက် ပွဲထွက်ကစားသမားတစ်ဦးဖြစ်လိမ့်မယ်လို့ တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။
မန်ယူအသင်းဟာ အင်္ဂါနေ့မှာ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဆွစ်ဇာလန်ကလပ် ဘေဆယ်အသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ လက်ခံကစားသွားမှာဖြစ်ပါတယ်။
"လက်ရှိအချိန်မှာ ဒေးဗစ်ဟာ အလွန်ကောင်းမွန်စွာ ကစားနေပြီး အလွန်ယုံကြည်မှုရှိတယ်လို့ ကျနော် ထင်ပါတယ်။ မနက်ဖြန်မှာ နောက်တစ်ကြိမ် ကျနော် သူနဲ့အတူ လိုက်ပါ,ပါလိမ့်မယ်"လို့ ပေါ်တူဂီလူမျိူး နည်းပြက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ရာသီမှာ အောင်မြင်ခဲ့တဲ့ ယူရိုပါလိဂ်ဖလားမှာ အာဂျင်တီးနားဂိုးသမား ဆာဂျီရိုမီယို ရိုမီယိုကို ပွဲထွက်အဖြစ် အသုံးပြုခဲ့ပြီး ဒီဂီယာကို အရန်အဖြစ်သာ ထည့်သင်းခဲ့ပါတယ်။
မော်ရင်ဟိုဟာ ဘေဆယ်အသင်းကို ချယ်လ်ဆီးနည်းပြအဖြစ် ၂၀၁၃-၂၀၁၄ ရာသီက ရင်ဆိုင်ခဲ့ဖူးပြီး အင်္ဂလန်ကလပ်အသင်းဟာ ဝ-၁ ဂိုးနှင့် ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ဖူးပါတယ်။
ဒါပေမယ့်လည်း မော်ရင်ဟိုက မန်ချက်စတာယူနိုက်တက်အသင်းဟာ မာကြောပြီး ယုံကြည်မှုအပြည့် ရှိပြီး ဘေဆယ်မှာ ရင်ဆိုင်ရတဲ့ ခက်ခဲတဲ့အသင်းဖြစ်ပေမယ့် အင်္ဂါနေ့ပွဲကို အနိုင်ရဖို့ အရည်အချင်း အလုံအလောက်ရှိတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
(EFE_EPA)