ဒဏ်ရာပြဿနာကြောင့် ဆီဗီလာအသင်း တိုက်စစ်မှူး နိုလီတို ချန်ပီယံလိဂ်ပွဲစဉ်ကို လွှဲချော်မည်

ဒဏ်ရာပြဿနာကြောင့် ဆီဗီလာအသင်း တိုက်စစ်မှူး နိုလီတို ချန်ပီယံလိဂ်ပွဲစဉ်ကို လွှဲချော်မည်
(ဓာတ်ပုံ - အီးပီအေ)

ဆီဗီလာအသင်း တိုက်စစ်မှူး နိုလီတိုဟာ ညာဘက်ပေါင်ခြံဒဏ်ရာ ခံစားနေတာကြောင့် လီဗာပူးလ်နဲ့ ကစားမယ့် ဗုဒ္ဓဟူးနေ့ ချန်ပီယံလိဂ်ပွဲစဉ်ကို လွှဲချော်လိမ့်မယ်လို့ စပိန်ကလပ်အသင်းက တနင်္လာနေ့က ကြေညာခဲ့ပါတယ်။

စပိန်ကစားသမားဟာ လီဗာပူးလ်အသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အပြင် တနင်္ဂနွေနေ့မှာ ဟီရိုနာအသင်းနဲ့ လာလီဂါပွဲစဉ်ကိုလည်း လွှဲချော်ဖို့ရှိနေပါတယ်။

နိုလီတိုဟာ ပြီးခဲ့တဲ့ စနေနေ့က အီဘာကို ၃-၀ ဂိုးနဲ့ အနိုင်ရဲ့တဲ့ လာလီဂါပွဲစဉ် ၃ အပြီးမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ဆီဗီလာအသင်းဟာ ယခုနွေရာသီက မန်စီးတီးအသင်းမှ အသက် ၃၀ အရွယ်ရှိ စပိန်ကစားသမားကို ယူရို ၈ သန်းကျော်နဲ့ ၃ နှစ် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags