ကလောပင်လို့ခေါ်တဲ့ပီလောပီနံပင်ရဲ့မူရင်းဒေသကတော့ တောင်အမေရိကတိုက် ဘရာဇီးနိုင်ငံကပဲဖြစ်ပါတယ် ။ အမေရိကန်ပီလောပီနံ နှင့် မြန်မာပီလောပီနံဆိုပြီး နှစ်မျိုးရှိပါတယ်၊ အမေရိကန်ပီလောပီနံကတော့ ဥထွက်ကောင်းပြီး သိပ်မစေးပေမယ့် မြန်မာပီလောပီနံကတော့စေးပြီး ရင့်လွန်းရင် တောက်တက်ပါတယ်။
ပီလောပီနံပင်ကတော့ ပူအိုက်စိုစွတ်တဲ့ရာသီဥတုကို ကြိုက်နှစ်သက်ပြီးတော့ သဲနုန်းမြေ၊နုန်းမြေများ၊ ကုန်းမြင့်ဒေသ ကျောက်စရစ်ဆန်တဲ့မြေများအထိ စိုက်ပျိုးနိုင်ပါတယ်။
မြေစေးနဲ့မြေကျစ်များကိုတော့ လုံးဝမနှစ်သက်ပါဘူး။ ပီလောပီနံစိုက်ပျိုးမယ့်နေရာကို မီးရှို့ရှင်းလင်းပြီး ထယ်တစ်စပ် ထွန်နှစ်စပ်ဝင်ပြီး မြေသားညက်တဲ့အခါမှာ စိုက်ဘောင်များကို ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
တစ်ဘောင်နဲ့တစ်ဘောင်ကိုတော့၄ပေခြားပြီးဖော်ပေးရမှာဖြစ်ပါတယ်၊ဘောင်တွေရဲ့အမြင့်ကတော့ ၁ပေခန့်မြင့်ပြီး ဘောင်ထိပ်မျက်နှာပြင်အကျယ်ကတော့ ၁ပေခွဲ ရှိရမှာဖြစ်ပြီး ဘောင်အောက်ခြေအကျယ်က ၂ပေခန့် ထားပေးရမှာ ဖြစ်ပါတယ်။ တစ်ဘောင်နဲ့တစ်ဘောင်ကြားမှာတော့ လူသွားလမ်း ၂ပေခန့် ခြားထားပေးရမှာ ဖြစ်ပါတယ်။
ကလောကို စိုက်တော့မယ်ဆိုရင် မိုးဦးကျကာလတွေမှာ စတင်စိုက်ပျိုးကြတာပဲ ဖြစ်ပါတယ်။ အရင်ဆုံး ကလောစိုက်မယ့်ဘောင်တွေကို ပြင်ရပါမယ် ပြီးရင်တော့ ကလောမျိုးကိုင်းတွေကို စိုက်ပျိုးရန်အတွက် ၆လက်မခန့် ဖြတ်ပေးထားရပါမယ်။
စိုက်တဲ့နေရာမှာတော့ ထောင်စိုက်နဲ့လဲစိုက်ဆိုပြီး နှစ်မျိုးရှိပါတယ်။ ပြီးရင် ၆တောင်၃ဘုတ် ၁စွယ်ထိုးနဲ့ ၈တောင် ၃ ဘုတ်၂စွယ်ထိုးဆိုပြီး ၂မျိုးရှိပါတယ်။ထောင်စိုက်ကတော့ ဥဆင်းကောင်းပြီးတော့ ဥဖော်တဲ့နေရာမှာအလေအလွင့် သက်သာပါတယ်။ လှဲစိုက်ကတော့ ဥဖော်တဲ့နေရာမှာ အလေအလွင့်ရှိပါတယ်။
ကဲဆက်လက်ပြီး တစွယ်ထိုး နှစ်စွယ်ထိုး အကြောင်းကို လေ့လာရအောင်ပါ။