ယခုနှစ်တွင်လည်း စပါးအသင်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ဦးမည်ဟု ဟယ်ရီကိန်းဆို

ယခုနှစ်တွင်လည်း စပါးအသင်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ဦးမည်ဟု ဟယ်ရီကိန်းဆို

စပါးအသင်းက အဲဗာတန်ကို ဝ-၃ ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက်တွင် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက ၎င်းတို့အသင်းအနေဖြင့် ယခုနှစ်ရာသီတွင်လည်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ဦးမည်ဟု ပြောဆိုလိုက်သည်။

အပြောင်းအရွှေ့ဈေးကွက်တွင် တည်တည်ငြိမ်ငြိမ်ရှိခဲ့ပြီး ဒေဗာဆင်ဆန်းချက်ဇ်၊ အူရီရာနှင့်လိုရန်သီတို့ကို ခေါ်ယူနိုင်ခဲ့သည့်အတွက် ဟယ်ရီကိန်းက ၎င်း၏ အသင်းအပေါ်ယုံကြည်လျက်ရှိနေသည်။

“လူတွေက ကျွန်တော်တို့အကြောင်းကို မပြောကြပါဘူး။ ဒါက ကျွန်တော်တို့အတွက် သင့်တော်ကောင်းမွန်ပါတယ်။ ကိုယ့်အလုပ်ကိုယ်အာရုံစိုက်ပြီး အဲဗာတန်နဲ့ပွဲကလို ပုံစံကောင်းကို ဆက်လက်ထိန်းသိမ်းသွားမှာပါ။

ကျွန်တော်တို့အသင်းက အပြောင်းအရွှေ့ဈေးကွက်မှာ လှုပ်ရှားတာ နောက်ကျခဲ့ပေမယ့် လိုချင်တဲ့ ကစားသမားတွေကိုတော့ ခေါ်ယူနိုင်ခဲ့ပါတယ်။ အခုဆိုရင်အသင်းက အင်အားတောင့်တင်းနေပါပြီ။ ကျွန်တော်တို့အသင်း ပုံစံကောင်းနဲ့ကစားနေနိုင်ပါတယ်။ ပြီးခဲ့တဲ့ ရာသီတွေတုန်းက ချန်ပီယံဆုကို စိန်ခေါ်နိုင်ခဲ့သလို ဒီရာသီမှာလည်း စိန်ခေါ်နိုင်ဦးမှာပါ” ဟု ဟယ်ရီကိန်းက ဆိုခဲ့သည်။

ဟယ်ရီကိန်းသည် ပြီးခဲ့သည့် ၂ နှစ်က ပရီးမီးယားလိဂ်၏ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သူဖြစ်သည်။ တစ်ဦးချင်းအောင်မြင်မှုရရှိသည်မှာ ကောင်းမွန်သော်လည်း အသင်းနှင့်အတူ ပရီးမီးယားလိဂ်ဖလားနှင့်အက်ဖ်အေဖလားတို့ကို ရရှိလိုကြောင်း ကိန်းက ဆိုခဲ့သည်။

ရည်ညွှန်း စကိုင်းစပေါ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly