ARSA အကြမ်းဖက်အဖွဲ့ရဲ့ အပစ်ရပ်ကြေညာချက် မြန်မာ ပယ်ချ

ARSA အကြမ်းဖက်အဖွဲ့ရဲ့ အပစ်ရပ်ကြေညာချက် မြန်မာ ပယ်ချ
ဓာတ်ပုံ - စိုးသူရ

 

စက်တင်ဘာ ၁၁ ။            ။ ရခိုင်ပြည်နယ်မှာ တစ်လကြာ တိုက်ခိုက်မှုတွေကို တစ်ဖက်သတ် အပစ်ရပ်လိုက်ပြီဖြစ်ကြောင်း ARSA အကြမ်းဖက်အဖွဲ့က တွစ်တာကနေတဆင့် ထုတ်ပြန်ခဲ့ပြီးနောက် ယင်းထုတ်ပြန်ချက်အပေါ် မြန်မာအစိုးရဘက်က လက်မခံဘဲ ပယ်ချလိုက်ကြောင်း သိရပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့တဲ့ ARSA အဖွဲ့က ယခုအခါ ယာယီ အပစ်ရပ်လိုက်ပြီဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်ကိုလည်း အပစ်ရပ်ဖို့ တိုက်တွန်းကြောင်း တွစ်တာကနေတဆင့် စက်တင်ဘာ ၁၀ ရက်က ရေးသားတိုက်တွန်းလိုက်ကြောင်း သိရပါတယ်။

ဒါပေမယ့်လည်း အကြမ်းဖက်သမားတွေနဲ့ ညှိနှိုင်းဆွေးနွေးစရာ အကြောင်းမရှိကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

Arsa အကြမ်းဖက်အဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက်က ရခိုင်ပြည်နယ်မှာ ရဲကင်းစခန်းတွေကို တစ်ပြိုင်နက်တည်း ဝင်တိုက်ခဲ့တာကြောင့် ၁၂ ဦး သေဆုံးခဲ့ရပါတယ်။ ယင်းနောက်ပိုင်းကစလို့ အဆိုပါ အကြမ်းဖက်အဖွဲ့ကို မြန်မာလုံခြုံရေးတပ်တွေက လိုက်လံရှင်းလင်းချေမှုန်းနေလျက်ရှိတာဖြစ်ပါတယ်။

Arsa အဖွဲ့ရဲ့ တွစ်တာ ကြေညာချက်ထဲမှာတော့ ၎င်းတို့အနေနဲ့ ရခိုင်ပြည်နယ်က လူသားချင်းဆိုင်ရာ ကိစ္စရပ်များကို ထောက်ထားသော အားဖြင့် ယခုလို အပစ်ရပ်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ပါရှိတယ်လို့လည်း သိရပါတယ်။

ဒါပေမယ့်လည်း မြန်မာအစိုးရအနေနဲ့ ခုလို အကြမ်းဖက်သမားတွေနဲ့ စေ့စပ်ညှိနှိုင်းဖို့အကြောင်းမရှိကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း တွစ်တာကနေတဆင့်   ပြန်လည်ပြောဆို ထားတယ်လို့ သိရပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly