မန်ယူသိုုု့ပြောင်းရန် မည်သည့်အခါကမှ မစဉ်းစားခဲ့ဟု အာစင်ဝင်းဂါးဖွင့်

မန်ယူသိုုု့ပြောင်းရန် မည်သည့်အခါကမှ မစဉ်းစားခဲ့ဟု အာစင်ဝင်းဂါးဖွင့်

 

စက်တင်ဘာ ၁၁၊ အင်္ဂလန် ။             ။ အာဆင်နယ်အသင်းကိုစွန့်ခွာပြီး မန်ယူအသင်းသို့ပြောင်းဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူးလို့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောဆိုလိုက်ပါတယ်။

မန်ယူအသင်းဟာ ဖာဂူဆန်ထွက်ခွာသွားပြီးတဲ့နောက် အာစင်ဝင်းဂါးကို ခေါ်ယူနိုင်ဖို့ ပထမဆုံးကြိုးစားခဲ့တာလို့ မန်ယူအသင်းဥက္ကဋ္ဌဟောင်း မာတင်အက်ဝုဒ်က သူ့ရဲ့အတ္ထုပတ္တိစာအုပ်မှာ ဖေါ်ပြခဲ့ပါတယ်။ အက်ဝုဒ်က သူနဲ့ပီတာကင်ယွန်တို့ဟာ ဝင်းဂါးရဲ့လန်ဒန်က နေအိမ်မှာ သွားရောက်ဆွေးနွေးခဲ့ကြတဲ့အထိ နီးစပ်ခဲ့တယ်လို့ ရေးသားခဲ့ပါတယ်။

မန်ယူအသင်းဟာ သူ့ကို ဆွဲဆောင်နိုင်ခဲ့ပေမယ့် အာဆင်နယ်မှာသာ ပျော်ရွှင်တယ်လို့ အာစင်ဝင်းဂါးက ဆိုခဲ့ပါတယ်။

“ကမ်းလှမ်းမှုတွေအများကြီးရှိခဲ့ပါတယ်။ ဒီမှာ ဘာကြောင့် ဆက်ရှိနေတာလဲဆိုတော့ အာဆင်နယ်အသင်းရဲ့တန်ဖိုးကို ချစ်လို့ပါ။ မန်ယူအသင်းက ဆွဲဆောင်မှုအများကြီးရှိပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုကိုယ်ပြန်မေးပါတယ်။ မင်းဒီမှာ ပျော်နေတယ်မဟုတ်လားလို့။ ဒါက ကျွန်တော့်ရဲ့အဖြေပါပဲ” လို့ အာစင်ဝင်းဂါးက ဆိုခဲ့ပါတယ်။

အာစင်ဝင်းဂါးဟာ ၁၉၉၆ ခုနှစ်ကတည်းက အာဆင်နယ်အသင်းကို စတင်ကိုင်တွယ်ခဲ့သူဖြစ်ပြီး ဒီနှစ်ရာသီမစတင်ခင်မှာ အသင်းနဲ့ ၂ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားသူ ဖြစ်ပါတယ်။

ရည်ညွှန်း စကိုင်းစပေါ့

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly