အမျိုးသားတွေက အမျိုးသမီးများ မိတ်ကပ်လျှော့လိမ်းတာကို သဘောကျခြင်း

အမျိုးသားတွေက အမျိုးသမီးများ မိတ်ကပ်လျှော့လိမ်းတာကို သဘောကျခြင်း

ရေးသားသူ Khine Phoo Ngon
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. Thurein Hlaing Win.

အမျိုးသားတွေက အမျိုးသမီးများ မိတ်ကပ်လျှော့လိမ်းတာကို သဘောကျခြင်း

လူမှုကွန်ရက်တွေမှာ မိတ်ကပ်မပါတဲ့ selfie (ဆယ်လ်ဖီ) ဆိုတာ ကျယ်ပြန့်တဲ့ အခြေအနေတစ်ခုဖြစ်နေပြီး တစ်ကမ္ဘာလုံးမှာရှိတဲ့ အမျိုးသမီးတွေက မိတ်ကပ်တွေဖျက်၊ ဓာတ်ပုံတွေ ရိုက်ပြီး၊ ဒီလို ဘာမှ မလိမ်းထားတဲ့ ပုံတွေကို ပရိုဖိုင် ဓာတ်ပုံတွေအဖြစ် ပြောင်းပြီး အားပေးထောက်ခံနေကြပါတယ်။

ဒီလိုဖြစ်တာက မိတ်ကပ် သိပ်မလိမ်းတဲ့ အမျိုးသမီးတွေဟာ အမျိုးသားတွေကိုရော၊ အမျိုးသမီးတွေကိုပါ ဆွဲဆောင်နိုင်တယ်ဆိုတဲ့ လေ့လာတွေ့ရှိချက် အသစ်ရဲ့ အကျိုးဆက်ပဲ ဖြစ်ပါတယ်။

Welsh စိတ်ပညာရှင်ရဲ့ ပြောပြချက်အရ  အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး ဘာတွေက အမျိုးသားတွေကို ဆွဲဆောင်နိုင်တယ်ဆိုတဲ့ အချက်ကို အမျိုးသမီးတွေက မှားယွင်းပြီး ထင်မြင်နေတာလို့ သိရပါတယ်။

တကယ်တော့ အမျိုးသား အများစုဟာ ၄၀ ရာခိုင်နှုန်း ထက်ပိုပြီး အလှပြင်ပစ္စည်းတွေကို မျက်နှာပေါ်မှာ လိမ်းခြယ်ထားတဲ့ အမျိုးသမီးတွေကို ဆွဲဆောင်မှုရှိတယ်၊ လှပတယ်လို့ မမြင်ကြပါဘူး။

Bangor တက္ကသိုလ်မှ ဒေါက်တာ Alex Jones ကလည်း ထို့နည်းတူ အလှပြင် ပစ္စည်းတွေ အသုံးပြုခြင်းနဲ့ ဆန့်ကျင်ဘက် လိင်အပေါ် ဆွဲဆောင်နိုင်တယ်လို့ မှားယွင်းစွာ ထင်နေကြတဲ့ အချက်တွေကို လေ့လာချက်၊ သုတေသန တစ်ခု ပြုလုပ်ခဲ့ပါတယ်။

သူ့ရဲ့ လေ့လာတွေ့ရှိချက် အသစ်ကို လက်တွေ့ လုပ်ဆောင်ချက်တွေ ပါဝင်ပြီး စိတ်ပညာနဲ့ ပတ်သက်တဲ့ ဂျာနယ် တစ်ခုမှာ ဖော်ပြခဲ့ပါတယ်။

ဒေါက်တာ Jones တွေ့ ရှိခဲ့တာကတော့ လူမှုကွန်ရက်မှာ တင်ထားတဲ့ မိတ်ကပ်မပါတဲ့ သဘာဝ ဆယ်လ်ဖီတွေဟာ အလွန်များပြားတဲ့  ထောက်ခံချက်တွေ ရရှိခဲ့တာကိုပါပဲ။

စစချင်းမှာတော့ ဒီသုတေသနမှာ ပါဝင်ခဲ့တဲ့ အမျိုးသား၊ အမျိုးသမီးတွေက သေချာ မိတ်ကပ်လိမ်းခြယ် ပြင်ဆင်ထားတဲ့ မျက်နှာဟာ ယောကျ်ားလေး အများစုအတွက်  ပိုပြီး နှစ်သက် သဘောကျစရာဖြစ်မယ်လို့  ထင်ထားခဲ့ကြပါတယ်။

ဒါပေမယ့် ထွက်လာတဲ့ အဖြေကတော့ လုံးဝကို ထင်ထားတာနဲ့ တခြားစီဖြစ်ခဲ့ပါတယ်။ ဒေါက်တာ Jones ကတော့ “အမှန်တရားကနေ ဘယ်အရာမှ ဝေးဝေးမသွားနိုင်”လို့ ပြောခဲ့ပါတယ်။

သဘာဝ မျက်နှာ သို့မဟုတ် အလှပြင်ပစ္စည်း ၄၀ ရာခိုင်နှုန်း အောက်သာ အသုံးပြု ထားတဲ့ မျက်နှာပိုင်ရှင် အမျိုးသမီးတွေဟာ အမျိုးသားတွေရဲ့ အာရုံစိုက်မှုကို ပိုပြီး ခံရဖို့ လွယ်ကူပါတယ်။

ဒါ့အပြင် အင်တာဗျူးထဲမှာ ပါခဲ့တဲ့ အမျိုးသမီး တော်တော်များများကလည်း သဘာဝအလှအပ၊ ကျော်ကြားမှုနဲ့ ပတ်သက်ပြီး အမျိုးသားတွေ စဉ်းစားတဲ့အတိုင်း စဉ်းစားကြတာကို စိတ်ဝင်စားဖွယ် တွေ့ရပါတယ်။

ဒီလို လေ့လာချက်ကနေ ဒေါက်တာ Jones ဟာ မတူတဲ့ လိင်တွေကြားမှာ ဆွဲဆောင်မှု ရှိတယ်ထင်တဲ့ အချက်တွေက မတိကျပါဘူး ဆိုပြီး နောက်ဆုံးပိတ် အနေနဲ့ သိခဲ့ပါတယ်။

အသေးစိတ် ပြောရမယ်ဆိုရင်တော့ အမျိုးသမီးတွေက မိတ်ကပ် အသုံးပြုခြင်းနဲ့ ပတ်သက်ပြီး အမြင်မှားနေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီလို မှားယွင်း ထင်မြင်ခြင်းတွေဟာ ခန္ဓာကိုယ် အရွယ်အစား၊ ကိုယ်အလေးချိန်နဲ့ ပတ်သက်တာတွေမှာလည်း ရှိနိုင်ပါတယ်။

ဒေါက်တာ ပြောခဲ့တာကတော့ ဒီလို မှားယွင်း ယုံကြည်နေတာတွေဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိခြင်းအတွက် အရေးကြီးတဲ့ နေရာက ပါဝင်နေပြီး ဝမ်းနည်းစရာ ကောင်းတာတစ်ခုက အဲဒါတွေဟာ ဒီလို ရိုးရှင်းတဲ့ နားလည်မှု လွဲခြင်းပေါ် မူတည်နေတာကိုပါပဲ။

ဒါ့အပြင် အဲဒီလို မိတ်ကပ်မပါဘဲ ရိုက်တဲ့ ဆယ်လ်ဖီနဲ့ ပတ်သက်ပြီး ဘယ်သူ စတင်ခဲ့တယ်ဆိုတာ မသိပေမယ့် အင်တာနက် တစ်ခုလုံးမှာ လွှမ်းခြုံထားနိုင်ခဲ့ပြီး  လူထု ၁ မီလီယံကျော်ရဲ့ အားပေး ထောက်ခံမှုကို ရရှိခဲ့ပါတယ်။

ဒါ့အပြင် ဘာမှ မပြင်မဆင်ထားတဲ့ မျက်နှာကို လူမှုကွန်ရက်မှာ တင်ပြီး  တခြား သူငယ်ချင်းတွေကိုလည်း အဲဒီလိုလုပ်ဖို့ ပြောပြခြင်းအားဖြင့်လည်း ထောက်ခံနိုင်ပါတယ်။

ဒေါက်တာ Jones က “ဒီလို မိတ်ကပ်မပါတဲ့ ဆယ်လ်ဖီ ဓာတ်ပုံနဲ့ ပတ်သက်ပြီး အားလုံးက ကောင်းမွန်တဲ့ တုံ့ပြန်မှု ပေးကြလိမ့်မယ် မျှော်လင့်ပါတယ်၊ နောက်ပြီး ရင်သားကင်ဆာကို သတိပိုထားစေနိုင်ပြီး ငွေကြေးတွေကို ကောင်းကျိုးအတွက် အသုံးပြုကြတာ ဖြစ်တဲ့အတွက် အလွန်ကောင်းမွန်ပါတယ်” ဆိုပြီး ပြောခဲ့ပါတယ်။

ရင်သားကင်ဆာ တိုက်ဖျက်ရေးအတွက် ရန်ပုံငွေ အဖွဲ့ရဲ့ဒါရိုက်တာ Kath Abrahams  က ‘မိတ်ကပ်မပါတဲ့ ဆယ်လ်ဖီနဲ့ ပတ်သက်တဲ့ လုပ်ဆောင်ချက် အောင်မြင်တဲ့အတွက် ဝမ်းမြောက်မိပြီး  အင်္ဂလန်မှ ပြည်သူလူထုက ရင်သားကင်ဆာနဲ့ ပတ်သက်တာတွေကို ပိုပြီး သတိထားမိလာအောင် ကူညီပေးနေကြတာကို တွေ့ရတာ အရမ်းကျေနပ်မိပါတယ်’ ဆိုပြီး အသိပေးခဲ့ပါတယ်။

မိတ်ကပ်အသုံးမပြုဘဲ ရိုက်တဲ့ ဆယ်လ်ဖီ လုပ်ဆောင်ချက်ရဲ့ တိုးတက်လာမှုကြောင့် အဲဒီ Website ကို ကြည့်ရှုသူ များပြားလာပြီး  အလှူငွေတွေလည်း လက်ခံရရှိလာခဲ့တဲ့အတွက် ရင်သားကင်ဆာ တိုက်ဖျက်ရေးကိုလည်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။

Abrahams က “ကျွန်ုပ်တို့ရဲ့ သိပ္ပံ ပညာရှင်တွေကို လူတွေရဲ့ အသက်ကို ကယ်တင်နိုင်မယ့် ရှာဖွေ လေ့လာမှုတွေ ဆက်လုပ်နိုင်အောင် ပံ့ပိုးထောက်ပံ့ပေးတဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

ဤဆောင်းပါးအား http://hellosayarwon.com မှ ကူးယူဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly